ကော့သောင်းတွင် အမျိုးသမီး လက်ဝှေ့ပွဲ ကျင်းပမည်

0
403

ကော့သောင်းမြို့နယ် အဆင့် လက်ဝှေ့ အားကစားပြိုင်ပွဲတွင် သက် ငယ်အမျိုးသမီး လက်ဝှေ့ပွဲကိုလည်း ထည့်သွင်း ကျင်းပသွားမည်ဖြစ်ကြောင်း  ကော့သောင်းမြို့နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန  သိရသည်။


အသက် ၁၅နှစ်အောက် လက်ဝှေ့ ဝါသနာရှင် အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၇ ဦးတို့မှ ဇန်နဝါရ်ီလ ၈ရက် တွင် ကျင်းပမည့် အမျိုးသား အမျိုးသမီး သက်ငယ် လက်ဝှေ့ပြိုင်ပွဲတွင်  ယှဉ်ပြိုင် ကစားမည်ဖြစ်ကြောင်း သိရသည်။
” အခု ပြိုင်ပွဲ အနိုင်ရသူကို ကော့သောင်းမြို့နယ် ကိုယ်စားပြု ရွေး ချယ်ပြီး ထားဝယ်မြို့မှာ သွားပြိုင်မှာ ဖြစ်တယ် ” ဟု ကော့သောင်းခရိုင် အား /ကာမှူး ဦးခင်မောင်ဦးက ဆိုသည်။
လတ်တလောတွင် အမျိုးသမီး လက်ဝှေ့သမားများများ မမွေး ထုတ်နိုင် သေးသော်လည်း လာမည့် အနာဂတ် ကာလများတွင် ဝါသနာရှင် လက်ဝှေ့ ကစားသမားကောင်းများ မွေးထုတ် နိုင်လိမ့်မည်ဟု  လက်ဝှေ့နည်းပြတစ်ဦး က ဆိုသည်။