ထားဝယ် ဧည့်လမ်းညွှန်စင်တာ ဩဂုတ်လမတိုင်မီ ဖွင့်မည်

0
426

နိုင်ငံခြားသား ခရီးသွားများ သတင်း အချက်အလက် ပြည့်စုံစွာရရှိစေရေး အတွက် ၂၀၁၇ ခုနှစ် ဩဂုတ်လမတိုင်မီ ဧည့်လမ်းညွှန်စင်တာ ဖွင့်နိုင်ရန် မျှော်မှန်း ထားကြောင်း ထားဝယ်ဧည့်လမ်းညွှန် များအသင်းထံမှ သိရသည်။


ထားဝယ်ဒေသသို့ လာရောက်          လည်ပတ်သည့် နိုင်ငံခြားသားများသွား ရောက်လည်ပတ်စရာ နေရာများ အပြည့် အစုံ သိရှိနိုင်စေရန်၊ ဟိုတယ်၊ စားသောက် ဆိုင်နှင့် ယာဉ်ငှားရမ်းမှု အစရှိသည်များ ကို လမ်းညွှန်ပေး နိုင်ရန်နှင့် ဒေသဧည့် လမ်းညွှန်များ အလုပ်အကိုင်အခွင့် အလမ်းရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ် ရန် စီစဉ်ခြင်းဖြစ်ကြောင်း ထားဝယ် ဧည့်လမ်းညွှန် အသင်းထံမှ သိရသည်။
” လက်ရှိမှာ စင်တာမရှိတော့ အချက် အလက်မရဘဲ ဟိုတယ် အခန်းမရလို့ ပြန်သွားတဲ့ ခရီးသွားတွေ ရှိတယ” ဟု ထားဝယ် ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးသိန်းထိုက်က ပြောသည်။
လက်ရှိအချိန်တွင် ထားဝယ်ခရိုင် အတွင်း ဒေသဧည့်လမ်းညွှန် ၁၀၀ ဦး ခန့်ရှိသော်လည်း စင်တာမရှိသည့် အတွက် နိုင်ငံခြားသား ခရီးသွားများနှင့် ချိတ်ဆက်နိုင်မှု အားနည်းကာ ၁၀ ဦး ခန့်သာ အလုပ်အကိုင်ရှိသေးသည်ဟု ၎င်းက ဆိုသည်။
” သင်တန်းဆင်းပြီး ကတည်းက တစ်ခါ(တစ်ခေါက်)ပဲ လုပ်ရ သေးတယ်” ဟု ပြီးခဲ့သည့် ဩဂုတ်လက သင်တန်း တက်ထားသည့် ထားဝယ်မြို့နေ ဒေသ ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ ဦးအောင်မိုးသူ က ပြောသည်။

 
စင်တာ ဖွင့်နိုင်မည်ဆိုပါက နိုင်ငံ ခြား ခရီးသွားများ ဆက်သွယ်လာနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်ဟု မျှော်လင့် ကြောင်း ဦးအောင်မိုးသူက ဆိုသည်။ထားဝယ်ဧည့်လမ်းညွှန်အသင်းကို ၂၀၁၆ ခုနှစ် ဩဂုတ်လက စတင် ဖွဲ့စည်းခဲ့ပြီး အသင်းဝင်ပေါင်း ၆၀ ဦး ခန့်ရှိကာ ထားဝယ်ခရိုင်အတွင်း နေထိုင် သူများကိုသာ အသင်းဝင်အဖြစ် လက်ခံ ကြောင်း ထားဝယ်ဧည့်လမ်းညွှန်အသင်း ထံမှ သိရသည်။