FDA ထောက်ခံချက်မရှိသည့် ငရုတ်သီးမှုန့်၊ မဆလာစာရင်းတွင် ရွှေအိုးမဆလာ ပါဝင်

0
471

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) ထောက်ခံချက်မရှိသည့် ငရုတ်သီးမှုန့်နှင့် မဆလာ စာရင်းတွင် ထားဝယ်ဒေသ၌ အဓိက အသုံးပြုသည့် ရွှေအိုးမာဆလာ ပါဝင်လျက် ရှိသည်။

ဘေးအန္တရာယ် ကင်းရှင်းမှုနှင့် အရည်အသွေး အာမခံချက် မရှိသည့် ငရုတ်သီးမှုန့်နှင့် မဆလာ ၅၉ မျိုးကို ဒီဇင်ဘာလ ၂၃ ရက်တွင် မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန (FDA) က ထုတ်ပြန်ခဲ့ရာ ယင်းသို့ ပါဝင်နေခြင်း ဖြစ်သည်။ထုတ်ပြန်ချက်အရ ထားဝယ်ဒေသ တွင် အများဆုံးအသုံးပြုသည့် ရွှေအိုး မဆလာနှင့် တနင်္သာရီတိုင်းတွင် ထုတ် လုပ်သည့် လူရိုင်းခေါင်း၊ ဒေါ်ဖြူ၊ မီးမီးလေးနှင့် ရွှေပြည်အောင် တံဆိပ်ပါ ငရုတ်သီးမှုန့်များသည် FDA ၏ အစားအသောက် ထုတ်လုပ်ခြင်းထောက် ခံချက် မရရှိထားကြောင်း ဖော်ပြသည်။

အမှတ်တံဆိပ်ရှိသော်လည်း FDA ထောက်ခံချက် မရှိသည့် ငရုတ်သီးမှုန့် များနှင့် အမှတ်တံဆိပ်မပါသည့် ငရုတ် သီးမှုန့် ရောင်းချနေသူများကို လာမည့် ဒီဇင်ဘာလ ၂၇ ရက်တွင် ခေါ်ယူကာ အသိပညာပေးမှုများ လုပ်ဆောင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစား အသောက်နှင့် ဆေးဝါးကြီးကြပ် ကွပ်ကဲ ရေး ကော်မတီ အတွင်းရေးမှူးက ပြော သည်။

အဆိုပါငရုတ်သီးမှုန့်နှင့် မဆလာ များကို ဒီဇင်ဘာလ ၂၉ ရက် နောက်ပိုင်း ရောင်းချနေပါက သိမ်းဆည်းမည်ဖြစ်ပြီး ရောင်းချသူကိုလည်း စီမံခန့်ခွဲမှုနည်း လမ်းအရ အရေးယူသွားမည်ဖြစ်ကြောင်း ကော်မတီ အတွင်းရေးမှူး ဖြစ်သူ ဒေါက် တာဟိန်းမင်းထက်အောင်က ပြောသည်
” သိမ်းပြီး ဖျက်ဆီးမယ်၊ ရောင်းသူ ကိုလည်း စီမံခန့်ခွဲမှု နည်းလမ်းအရ အရေးယူမယ်” ဟု ၎င်းက ဆိုသည်။

ဈေးကွက်အတွင်းရှိနေသည့် FDA ထောက်ခံချက် မရှိသည့် ငရုတ်သီးမှုန့် များကို ဒီဇင်ဘာလ ၂၉ ရက် မတိုင်ခင် လုပ်ငန်းရှင်က သိမ်းဆည်း ရမည်ဖြစ်ပြီး ယင်းနောက်ပိုင်းတွင် ကော်မတီက သိမ်း ဆည်း သွားမည်ဖြစ်ကြောင်း အထက်ပါ ကော်မတီထံမှ သိရသည်။