ကော့သောင်းမြို့ပေါ် ကျောင်းအချို့တွင် အမှိုက်ပုံမှန် လာမသိမ်း

0
386

ကော့သောင်းမြို့ပေါ် ကျောင်း အချို့တွင် အမှိုက်ပုံမှန်လာမသိမ်းသည့် အတွက် ကလေးများ ကျန်းမာရေး ထိခိုက်မည်ကို မိဘများက စိုးရိမ်လျက် ရှိသည်။


ကော့သောင်းမြို့ပေါ် ၁၀ ရပ်ကွက် အနက် ကိုယ်ထူကိုယ်ထ အမှိုက်သိမ်း တာဝန်ယူထားသည့်  ရပ်ကွက် ၅ ခု ရှိပြီး၊ ကျန် ၅ ရပ်ကွက်ကို မြို့နယ်စည် ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင် ရွက်သည်။ ” အမှိုက်ပုံး ထားပေးထားပြီး အမှိုက် ပုံး ပြည့်လည်း လာမသိမ်းလို့၊ အိတ် တွေထဲထည့် ရတယ်၊ တစ်ခါ တစ်လေ လနဲ့ချီ လာမသိမ်းဘူး” ဟု ရွှေဟင်္သာ အ.လ.ကမှ ကျောင်းဆရာမ တစ်ဦးက ဆိုသည်။
အဆိုပါကိစ္စ မြို့နယ် စည်ပင်သို့ မေးမြန်းရာ စည်ပင်မှ တာဝန်ယူထား သည့်  ရပ်ကွက်က ကျောင်းများတွင် ပုံမှန် အမှိုက်သိမ်းသည်ဟု စည်ပင်သာယာ ရေးအဖွဲ့၊ သန့်ရှင်းရေးဌာနစိတ်မှ တာဝန်ခံ ဒေါ်ချိုချိုခန့်က ပြောသည်။

 
ပုံမှန် အမှိုက်လာမသိမ်းသည့် ကျောင်း များမှာ ရွှေပြည်သာ အ.လ.က၊ ရွှေ ဟင်္သာ အ.လ.ကနှင့် အေးရိပ်ငြိမ် အ.ထ.က တို့ဖြစ်ကြောင်း သက်ဆိုင်ရာ ကျောင်းဆရာ၊ ဆရာမများထံမှ သိရ သည်။ ကျောင်းဝင်းအမှိုက်များအား ကလေးများ၏ ကျန်းမာရေးကို ထောက် ရှုပြီး တာဝန်ယူထားသည့် အမှိုက်သိမ်း အဖွဲ့များက ပုံမှန် လာသိမ်းပေးစေချင် သည်ဟု ရွှေဟင်္သာရပ်ကွက်နေ ကျောင်း သားမိဘတစ်ဦးက ပြောသည်။