ထားဝယ်ဆေးရုံတွင် ကုတင် ၃၀၀ ဆန့် ငါးထပ်ဆောင် တိုးချဲ့ ဆောက်မည်

0
448

ထားဝယ်ဆေးရုံတွင် လူနာနှင့် အဆောက်အဦ မမျှသည့်အတွက် ကုတင် ၃၀၀ဆန့် ငါးထပ်ဆောင် တိုးချဲ့တည် ဆောက်မည်ဖြစ်ကြောင်း ထားဝယ် အထွေထွေရောဂါကု ဆေးရုံ ထံမှ သိရသည်။


ထားဝယ်ဆေးရုံကြီးသည် ကုတင် ၂၀၀ဆန့် ဆေးရုံဖြစ်သော်လည်း နေ့စဉ် ဆေးရုံလူနာ ၃၀၀ နီးပါးခန့်ရှိပြီး လူနာ များအနေနှင့် နေရာအခက်အခဲ အမြဲကြုံ တွေ့နေရသောကြောင့် တိုးချဲ့ဆောက်လုပ်ရခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီးက ပြောသည်။
” ခွင့်ပြုနိုင်တဲ့ လူနာထက် ၁၀၀ လောက်များနေတဲ့အတွက် နေရာအခက် အခဲတွေ အမြဲကြုံနေရတဲ့အတွက် တိုးချဲ့ ဆောက်လုပ်ရတာဖြစ်တယ်” ဟု ဆေးရုံ အုပ်ကြီးကပြောသည်။
၅ ထပ် အဆောက်အအုံ အသစ်ကို ယခုနှစ်အတွင်း စတင်ဆောက်လုပ်မည် ဖြစ်ပြီး မည်သည့်လတွင် ဆောက်လုပ် မည် ဆိုသည်ကို အသေးစိတ် မဆွေး နွေးရသေးကြောင်း ဆေးရုံအုပ်ကြီးက ဆိုသည်။
အဆောက်အဦအသစ်တွင် အထူး ကုခွဲစိတ်ဌာနခွဲများလည်း တိုးချဲ့ရန် အစီအစဉ်ရှိပြီး ရောဂါအများစုအား တစ် ခြားနေရာသို့ မသွားဘဲ ထားဝယ်တွင်ပင် ကုသနိုင်ရန် စီစဉ်သွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။”ကျောက်ကပ်ဆေးတဲ့ဌာနတို့၊ ဆီး လမ်းကြောင်းဆိုင်ရာအထူးကုဌာနတို့လိုပေါ့၊ တိုးချဲ့သွားဖို့ရှိတယ်။” ဟု ဆေး ရုံအုပ်ကြီးက ပြောသည်။
အသစ်တိုးချဲ့ ဆောက်လုပ်မည့် ၅ ထပ်အဆောက်အဦအား ပြင်ပလူနာဌာန အဆောက်အဦကိုဖျက်၍ ယင်းနေရာတွင် ဆောက်လုပ်သွားမည်ဖြစ်ပြီး ပြည် ထောင်စုဘတ်ဂျက်ဖြင့် ဆောက်လုပ် သွားမည် ဖြစ်ကြောင်း ထားဝယ်အထွေ ထွေ ရောဂါကုဆေးရုံထံမှ သိရသည်။