လယ်ယာကုန်ထုတ် လမ်းဖောက်လိုက မြို့နယ်အုပ်ချုပ်ရေးကို တင်ပြနိုင်

0
431

မြို့နယ်အတွင်းရှိ လယ်ကွင်းများ တွင် လယ်ယာကုန်ထုတ်လမ်းများ ဖောက်လိုပါက သက်ဆိုင်ရာမြို့နယ်အုပ် ချုပ်ရေးမှူးရုံးထံ တင်ပြနိုင်ကြောင်း ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ပြောကြားသည်။


လယ်ကွင်းများတွင် လယ်ယာ ကုန်ထုတ်လမ်း ရှိသင့်ပြီး သက်ဆိုင်ရာ လယ်ကွင်းရှိ လယ်သမားအားလုံးမှ သ ဘောတူပါက သက်ဆိုင်ရာ မြို့နယ်             အထွေထွေအုပ်ချုပ်ရေးမှူးရုံးများတွင် တင်ပြနိုင်ကြောင်း ထားဝယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက ဆိုသည်။
“သူတို့(လယ်သမား)ဖက်က လိုလို လားလားရှိဖို့ လိုတယ်၊ သူတို့ သဘော မတူရင် ဘာမှလုပ်လို့မရဘူး” ဟု ခရိုင် ဦးစီးမှူး ဦးကျော်လတ်က ပြောသည်။
လယ်စိုက်တောင်သူများနှင့် ရပ်/ ကျေး မြေယာကော်မတီတို့ ညှိနှိုင်းကာ  တင်ပြပါက မြေစာရင်း၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်း အစရှိသည့် သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းကာ ဆက်လက် လုပ်ဆောင်ပေးသွားမည်ဟု ထားဝယ်မြို့ နယ်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်က ဆိုသည်။
ထားဝယ်ခရိုင်အတွင်းရှိ လယ် ကွက် အများစုတွင် ကုန်ထုတ်လမ်းမရှိ သောကြောင့် စပါးစိုက်ပျိုးချိန်နှင့် ရိတ် သိမ်းချိန်များတွင် အခက်တွေ့နေရ ကြောင်း လယ်သမားများထံမှ သိရ သည်။”အရင်ကတော့ ဒီလမ်းဖောက်ပေး မယ် ဘတ်ဂျက်ငွေကျနေပြီဆိုပြီး အမျိုး မျိုးကြားနေရပေမယ့် လက်တွေ့ လုပ် ဆောင်ပေးတာမျိုးမရှိဘူး” ဟု ထားဝယ် မြို့၊ စောမိညိုကွင်းတွင် လယ်ဧက ၃၀ ခန့်အား လုပ်ကိုင်နေသည့် လယ်သမား ဦးမျိုးချစ်က ဆိုသည်။
ပြီးခဲ့သည့်နှစ်များက ယင်းလယ် ကွင်းတွင် လယ်ယာကုန်ထုတ်လမ်းအား လုပ်ဆောင်ပေးမည်ဟုဆိုကာ ဌာနဆိုင် ရာများ ပါဝင်သည့်အဖွဲ့က နှစ်ကြိမ် သုံးကြိမ်ခန့် လာရောက်တိုင်းတာခြင်း၊ လယ်သမားများအား လက်မှတ်ထိုးခိုင်းခြင်းများ လုပ်ဆောင်ခဲ့သော်လည်း  လက်ရှိအချိန်အထိ ဖြစ်မလာဟု ဦးမျိုးချစ်က ဆိုသည်။
ထားဝယ်ခရိုင်တွင် လယ်စိုက်ပျိုး သည့် လယ်ဧက တစ်သိန်းခန့်ရှိကာ ရွှေဝါထွန်း၊ ထွန်းရွှေဝါ၊ ခိုင်ရွှေဝါနှင့် ကမာကြည် အစရှိသည့် စပါးမျိုးများ စိုက်ပျိုးကြကြောင်း ထားဝယ်ခရိုင် စိုက် ပျိုးရေးဦးစီးဌာန မှသိရသည်။