မြိတ်သားစစ်စစ်ပါဆိုတဲ့ ” ဂယ်ပဲ ဂယ်ပဲ”ထဲက ဩဘာ

0
1025

နီနီခင်ဇော်ရဲ့ “ဂယ်ပဲ ဂယ်ပဲ” သီချင်းထဲမှာ ပရိသတ်သတိပြုမိသွားတဲ့မော်ဒယ် ဩဘာက မြိတ်သားစစ်စစ်ပါလို့ ပြောလာပါတယ်။
ဩဘာဟာ အရင်ကအာကာဟိန်းနာမည်နဲ့ မော်ဒယ်လောကထဲကိုဝင်လာပြီး အခုတော့ ဩဘာ နာမည်အဖြစ် ပြောင်းလဲလိုက်ပါတယ်။

aw_bar
အမေက မော်လမြိုင်သူဖြစ်ပြီး အဖေက မြိတ်သားတစ်ယောက်ပါ။ လက်ရှိအချိန်ထိ မော်ဒယ်လောက မှာပြိုင်ပွဲပေါင်း ၁၆ ပွဲဝင်ပြိုင်ခဲ့ပြီ ဆုပေါင်း ၁၉ ခုရခဲ့ပါတယ်။နီနီခင်ဇော်ရဲ့ MTV မှာပထမဆုံးအကြိမ်အဖြစ် ဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအသိ အမှတ်ပြုတာကို ရရှိခဲ့ပါတယ်။
လတ်တလော အနုပညာလှုပ်ရှားမှုအဖြစ် ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ “လက်စားချေနတ်သမီး” ဇာတ်ကားမှာ မျက်နှာသစ်တစ်ယောက်အနေနဲ့ ပထမဆုံးအကြိမ် ရုပ်ရှင်ရိုက်ကူးခွင့် ရသူပါ။

သူရဲ့ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်တော့ “ဒီရုပ်ရှင် ဇာတ်ကားကဆရာတွေ အားလုံးတိုင်ပင်ပြီး ကျွန်တော့်ကို ရွေးချယ်တာ။ အခုက ပထမဆုံးအကြိမ်သရုပ်ဆောင်တာဆိုတော့ အသစ်တစ်ယောက်အနေနဲ့ ရှိန်တာပေါ့ဗျာ။ ခဏခဏအမှားပါတယ်။ ဒါပေမယ့် ကိုဖြိုးငွေစိုးတို့ မသက်မွန်မြင့်တို့က သူတို့လည်းအသစ်ဘ၀ကနေစလာတာ၊ ဘာမှစိတ်ဓာတ်မကျနဲ့၊ ငါတို့သင်ပေးမယ်လို့ ပြောတော့ အဲဒီစကားက ကျွန်တော့်အတွက် အားဖြစ်စေလို့ ကျွန်တော်ပိုကြိုးစားချင်စိတ်ပေါက်ခဲ့ပါ တယ်”

သရုပ်ဆောင်ဩဘာဟာ လက်စားချေနတ်သမီး ရုပ်ရှင်ဇာတ်ကားမှာ သက်မွန်မြင့်ရဲ့ချစ်သူအဖြစ် သရုပ်ဆောင်ထားပါတယ်။