ရပ်ကွက်အလိုက် ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်း ခွင့်ပြုမည်

0
425

ထားဝယ်မြို့ပေါ်တွင် ရပ်ကွက် အလိုက် ပုဂ္ဂလိကအမှိုက်သိမ်းလုပ်ငန်း လုပ်မည်ဆိုပါက မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တွင် လာရောက် လျှောက် ထားနိုင်ကြောင်း မြို့နယ်စည်ပင်ထံမှ သိရသည်။ထားဝယ်မြို့တွင် ပုဂ္ဂလိကအမှိုက် သိမ်းလုပ်ငန်းနှစ်ခု လုပ်ကိုင်ခွင့်ပြုထား ပြီးကျန်ရပ်ကွက် များတွင်လုပ်ကိုင်လိုသူ များကို ခွင့်ပြုသွားမည်ဖြစ်ကြောင်းထား ဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

rabbish_in_dawei“ကောက်ခံမယ့် ဈေးနှုန်းကိုတော့ စည်ပင်နဲ့ညှိနှိုင်းဆောင်ရွက်ရမယ်” ဟုအဆိုပါ တာဝန်ရှိသူ ကပြောသည်။ ထားဝယ်မြို့တွင် အမှိုက်သိမ်းလုပ် ငန်းအား ရွှေလင်းယုန် အမှိုက်သိမ်းလုပ် ငန်းအား ထားဝယ်မြို့ပေါ်ရှိ အဓိကလမ်း မကြီးများ (အာဇာနည်လမ်း၊ ဗိုလ်ချုပ် လမ်း စသည်ဖြင့်) နှင့်အနီရောင်အမှိုက် သိမ်းလုပ်ငန်းကို ကြက်စားပြင်ရပ်ကွက် နှင့် ဘုမ္မော်ရပ်ကွက်အတွင်း လုပ်ကိုင် ခွင့်ပြု ထားသည်။အမှိုက်သိမ်း လုပ်ငန်းလုပ်ကိုင်မည့် သူသည် အမှိုက်သိမ်းမည့်ကား၊ သန့် ရှင်းရေး ဝန်ထမ်းများရှိရမည် ဖြစ်ပြီး ရပ်ကွက် နေပြည်သူများနှင့် ညှိနှိုင်းမှု အဆင်ပြေပါက အမြန်ဆုံး လုပ်ကိုင်ခွင့် ပြုသွားမည် ဖြစ်ကြောင်း ယင်းတာဝန် ရှိသူကပြောသည်။

” ရပ်ရွာ သန့်ရှင်းရေးအတွက်လုပ် ရတာ ဝါသနာလည်းပါတယ်၊ သမာအာ ဇီဝကျတဲ့ အလုပ်ဖြစ်တော့ စီးပွားရေးသဘောအရလည်းလုပ်ဖြစ်တယ်” ဟု အနီရောင်ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်း လုပ်ကိုင်နေသူ ဦးဇော်လေးက ပြောသည်။ပြည်သူ ရွေးချယ်ထားသည့်အစိုးရ ကို တစ်ဖက်တစ်လမ်းမှ ကူညီရာရောက် ပြီးရပ်ရွာ သန့်ရှင်းရေး အထောက်အကူ ပေးသည့် သဘောဖြင့် အမှိုက်သိမ်း လုပ်ငန်းအား လုပ်ကိုင်ဖြစ်ခဲ့ကြောင်း ဦးဇော်လေးက ဆိုသည်။
ဇွန်လ ၈ ရက်နေ့တွင် စတင် လုပ်ကိုင်ခဲ့သည့် အနီရောင်အမှိုက်သိမ်း လုပ်ငန်းသည် ကြက်စားပြင်ရပ်ကွက်နှင့် ဘုမ္မော်ရပ်ကွက်ကို အလှည့်ကျအမှိုက် သိမ်းနေခြင်း ဖြစ်သည်။

ယခင်က တစ်လခန့်ကြာမှ စည်ပင် အမှိုက်ကား တစ်ခေါက်လာခြင်း ကြောင့် အမှိုက်ပစ်ရန် အခက်အခဲရှိခဲ့ပြီး ယခုကဲ့ သို့ပုဂ္ဂလိက အမှိုက်သိမ်းလုပ်ငန်းမှသိမ်း ပေးသည့်အတွက် ဝမ်းသာကြောင်း ဘုမ္မော် ရပ်ကွက်နေဦးဇော်ဝင်းက ဆိုသည်။” အရင်ကဆိုရင် မီးဖိုချောင်သုံးအမှိုက် တွေနဲ့ တော်တော်လေးကို ညစ်ပတ်နေ တာ” ဟုဦးဇော်ဝင်းက ပြောသည်။ထားဝယ်မြို့ပေါ် ရပ်ကွက် အချို့ တွင် ရပ်ကွက်အတွင်းရှိလူငယ်များ စုပေါင်းကာ တစ်ပတ်တစ်ခေါက် အခမဲ့ အမှိုက်သိမ်းပေးလျက် ရှိသည်။

စည်ပင် အမှိုက်ကားမှထားဝယ်မြို့ ပေါ် ၁၅ ရပ်ကွက်ရှိလမ်းသွယ်၊ လမ်း ကြား ၆၅ လမ်းနှင့်စာသင်ကျောင်း၊ဆေး ရုံ၊ ဝန်ထမ်း အိမ်ယာစသည်တို့တွင် အမှိုက်သိမ်း လုပ်ငန်းလုပ်ဆောင်နေကာ လုံလောက်မှုမရှိဟု မြို့နယ်စည်ပင်မှ အထက်ပါ တာဝန်ရှိသူက ပြောသည်။ယင်းကြောင့် ပုဂ္ဂလိကအမှိုက်သိမ်း လုပ်ငန်းများအား လုပ်ကိုင်ခွင့်ပြုခြင်းဖြစ် ကြောင်း၎င်းက ဆိုသည်။

ထားဝယ်မြို့တွင် တစ်ရက်လျှင် ပျမ်းမျှအမှိုက်တန်ချိန်၄၀ခန့်ထွက် ကြောင်း ထားဝယ်မြို့နယ်စည်ပင် သာယာရေးအဖွဲ့ထံမှ သိရသည်။