မြိတ် – ကျွန်းစု အမြန်ရေယာဉ်ခရီးစဉ် တိုးချဲ့ပြေးဆွဲ

0
378

ဧပြီလအတွင်း ကျွန်းစုမြို့နယ် အတွင်းရှိ ကျေး ရွာများမှ ဒေသခံများ ခရီးသွားများ လာသည့် မြိတ် – ကျွန်းစု အမြန်ရေယာဉ် ခရီးစဉ်များကို တိုးချဲ့ ပြေးဆွဲလျက် ရှိကြောင်း အမြန်ရေယာဉ် အသိုင်း အဝိုင်းမှ သိရသည်။


သင်္ကြန်အပြီး ဘုရားဖူးထွက်၊ အလည်အပတ် သွားကြသည့်အတွက် ယင်းသို့ ခရီးသွားများလာခြင်း ဖြစ် ကြောင်း သိရသည်။
ယခင်က ပုံမှန် အမြန်ရေယာဉ် ၂ စီးသာ အလှည့်ကျစနစ်ဖြင့်တစ်နေ့ကို ၂ ကြိမ်ပြေးဆွဲသော်လည်း လက်ရှိတွင် ၁ စီး ထပ်မံ တိုးချဲ့ ပြေးဆွဲနေကြောင်း ရွှေပင်ကွင်း အမြန်ရေယာဉ်ပြိုင်ရှင် ကိုကျော်မင်းက ပြောသည်။
လက်ရှိတွင် နှစ်ဆန်း ၂ ရက်နေ့မှစပြီး ၁၅ ရက်တာ ကျင်းပသည့် ပုလောမြို့နယ် ကမ္ဘာလှတောင် ပါဒ စက်တော်ရာ ဘုရားပွဲကြောင့် ယင်းသို့ ခရီးသွားများခြင်းဖြစ်ပြီး ဘုရားပွဲပြီး ပါက ခရီးသွားပုံမှန်ဖြစ်ကာ အမြန် ရေယာဉ်ခရီးစဉ်ကိုလည်း ပုံမှန်အတိုင်း ပြန်ပြေးဆွဲရဖွယ်ရှိသည် ကိုကျော်မင်းက ပြောသည်။
ကျွန်းစုမြို့နယ်သည်၊ မြို့ပေါ်တွင် ရပ်ကွက်ပေါင်း ၄ ရပ်ကွက်ရှိပြီး၊ ကတ္တ လူကျေးရွာ၊ ကတန်ကျွန်းကျေးရွာ၊ ကပ ကျေးရွာနှင့် တာလာပိုင်းကျေးရွာ အပါ ဝင် ရွာစုစုပေါင်း ၂၀ ကျော် ရှိသည်။