ထားဝယ် ဘုရားကြီးဝင်းအတွင်း ယာဉ်စည်းကမ်း ဖောက်သူများပြား

0
628

ဘုရားကြီးဝင်းအတွင်းယာဉ် မရပ်နားရန် နေရာများသတ်မှတ်ပြီး ရပ်နားရန် နေရာ သတ်မှတ်ထားသော်လည်းစည်းကမ်းဖောက်သူ များပြားနေဆဲဖြစ်ကြောင်း ဘုရားကြီး ဂေါပကအဖွဲ့ထံမှ သိရသည်။ဘုရားကြီးဝင်း အပြင်ဘက် လမ်းမပေါ်တွင် ကား၊ ဆိုင်ကယ် ရပ်နားရန်နေရာပြုလုပ်ပေးထားသော်လည်း ဘုရား
ဖူးယာဉ်အများစုသည် ဘုရားကြီးဓမ္မာရုံအရှေ့ဘက်ရှိ ယာဉ်ရပ်နားရာနေရာတွင်သာရပ်နားလေ့ရှိပြီးအချို့မှာ ဘုရားကြီးဝင်းအတွင်း ယာဉ်မဝင်ရဟု ရေး
ထားသည့် နေရာများသို့အတင်းဝင်ရောက်မှုများ ရှိနေကြောင်း ဂေါပကအဖွဲ့၊တာဝန်ရှိသူတစ်ဦးက ဆိုသည်။

“ယာဉ် တွေအနေနဲ့ သတ်မှတ်ထားတဲ့ စည်းကမ်းကို လိုက်နာကြစေချင်တယ်” ဟု ၎င်းကဆိုသည်။ဘုရားဖူးများအနေနှင့် ဘုရားကြီးဝင်းအပြင်ဘက်ရှိ ယာဉ်ရပ်နားရန်နေရာတွင် ရပ်နားပါက ကား၊ဆိုင်ကယ်များပျောက်ရှမှုများဖြစ်မည်ကို စိုးရိမ်သဖြင့်ဘုရားကြီးဝင်းအတွင်း ဓမ္မာရုံအရှေ့ရှိယာဉ်ရပ်နားရာနေရာတွင်သာ ရပ်နားချင်ကြသည်ဟုထင်မြင်မိကြောင်း ခုံဝင်းဒပ်ရပ်ကွက်မှ အသက် ၃၆ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးက ဆိုသည်။”ယာဉ်တွေကို ဝင်ပေါက်တစ်ခု
တည်းကသာ ဝင်^ထွက်ခွင့် သတ်မှတ်ပေးလိုက်ရင် ပိုပြီး အဆင်ပြေမယ်ထင်တယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။
ထားဝယ်မြို့၊ ကျက်သရေဆောင်ရွှေတောင်စားစေတီ (ဘုရားကြီး) ဝင်းနှင့် ဘုရားဖူးဧည့်သည်များ ပိုမိုလုံခြုံမှုရှိစေရန် ယာဉ်အဝင်အထွက် ကန့်သတ်
စောင့်ကြည့်ခြင်း အပါအဝင် လုပ်ငန်းစဉ်၅ ရပ်ဖြင့် စောင့်ကြည့်လုပ်ဆောင်နေကြောင်း ဘုရားကြီးဂေါပကအဖွဲ့ထံမှသိရသည်။့

ဘုရားကြီးဝင်းအတွင်း ယာဉ်အဝင်အထွက် ကန့်သတ်စောင့်ကြည့်ခြင်း၊ဘုရားကြီးဝင်း ရာနှုန်းပြည့် လုံခြုံရေးကင်မရာ (CCTV) ကင်မရာ တိုးချဲ့တပ်ဆင်ခြင်း၊ ရဲတပ်ဖွဲ့မှ လုံခြုံရေးစောင့်ကြည့်ခြင်း၊ ဘုရားကြီး လုံခြုံရေးဝန်ထမ်းများဖြင့် စောင့်ကြည့်ခြင်းနှင့်အထူးစောင့်ကြည့်ခြင်း လုံခြုံရေး စောင့်ကြည့် လုပ်ဆောင်နေသည်ဟု ဘုရားကြီးဂေါပကအဖွဲ့ထံမှ သိရသည်။ဘုရားကြီးဝင်းအတွင်း လက်ရှိအချိန်တွင် လုံခြုံရေးကင်မရာ (CCTV)၃၁ လုံးတပ်ဆင်ထားပြီး မကြာမီ နောက်ထပ် ၁၀ လုံးအား ထပ်မံတိုးချဲ့ တပ်ဆင်သွားမည်ဟု International CCTV Security Service မှ ဦးနိုင်မျိုးသွင်
က ဆိုသည်။

ဘုရားကြီးအတွင်း ပစ္စည်းပျောက်ဆုံးမှု၊ အလစ်သုတ်မှုများ ရှိလာသည့်အတွက် လုံခြုံရေးကင်မရာ(CCTV)ဖြင့်အချိန်ပြည့် စောင့်ကြည့်နေမည့် အမြဲ
တမ်း ဝန်ထမ်းနှစ်ဦးထားရှိသွားမည် ဖြစ်ကာ စောင့်ကြည့်သူနှင့် ကူညီဖြေရှင်းပေးနိုင်သည့် လုံခြုံရေးဝန်ထမ်းများအကြား ပေါင်းစပ်ညှိနှိုင်းလုပ်ဆောင်မှ
သာ အဆင်ပြေနိုင်မည်ဟု ဦးနိုင်မျိုးသွင်က ဆက်ပြောသည်။ယခုအချိန်တွင် ဘုရားဖူးဧည့်သည်များဖြင့် စည်ကားလာသည်နှင့်အမျှဘုရားကြီးအတွင်း မလိုလားအပ်သည့်အနှောင့်အယှက်များ၊ အလစ်သုတ်မှုများခပ်စိပ်စိပ်ဖြစ်ပွားလာခြင်း၊ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပျက်နေသည့် အဖျက်အမှောင့်လုပ်ရပ်များနှင့် ပတ်သက်၍လုံခြုံရေးအထူးဂရုပြုရမည့် အနေအထားဖြစ်လာသည်ဟု ၂၀၁၅ဒီဇင်ဘာလအတွင်းကျင်းပပြုလုပ်ခဲ့သည့် ဘုရားကြီး
လုံခြုံရေး အစည်းအဝေးတွင် တာဝန်ရှိသူတစ်ဦးက ပြောကြားသွားခဲ့သည်။