ပိတောက်တွေနီစေ သင်္ကြန်မြေ” လူထုသပိတ်ပြုလုပ်

သရက်ချောင်းမြို့နယ်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ မှ “ပိတောက်တွေနီစေ သင်္ကြန်မြေ”စာသားပါ ဘန်နာကိုင်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်‌လှုပ်ရှားမှုကို ယနေ့(သင်္ကြန်အကြတ်နေ့)တွင် ပြုလုပ်ခဲ့ကြသည်။

ရေကစားသူအချို့နှင့် ထားဝယ်မြို့က သင်္ကြန်အကြတ်နေ့

သင်္ကြန်အကြိုနေ့နှင့် အကျနေ့တို့တွင် ထားဝယ်မြို့ထဲ ရေကစားသူမရှိသော်လည်း အကြတ်နေ့တွင်မူ ရေကစားသူအချို့ရှိလာခဲ့သည်။ ထားဝယ်မြို့ရှိ ဗဟိုမဏ္ဍပ်၊ ဆောက်လုပ်ရေးမဏ္ဍပ်နှင့် ဖိုးသီးချိုကလေးကစားကွင်းရှိ မဏ္ဍပ်တို့၏ သင်္ကြန်အကြတ်နေ့ ညနေ ၅ နာရီကျော်အချိန် မြင်ကွင်းများကိုဖော်ပြပေးလိုက်ပါသည်။

မြိတ်မြို့ သင်္ကြန်အကြတ်နေ့ ညနေပိုင်း

သင်္ကြန်အကြတ်နေ့မှာတော့ မြိတ်မြို့ရဲ့ အထင်ကရလမ်းတွေနဲ့ မဏ္ဍပ်တွေမှာတော့ ရေကစားသူအချို့တွေ့ရှိရပါတယ်။ မဏ္ဍပ်တွေရှိတဲ့ နေရာတွေမှာသာ ရေကစားသူအချို့တွေ့ရပြီး လမ်းမကြီးတွေပေါ်မှာ သွားလာသူ အနည်းငယ်ပဲ ရှိပါတယ်။ ခရီးသည် နှစ်ရာကျော်သုံးရာနီးပါး ဝန်းကျင်ကတော့ အမြန်ယာဥ်တွေ၊စပိဘုတ်တွေနဲ့...

တိတ်ဆိတ်နေသည့် ကံပေါက်သင်္ကြန်

မဟာသင်္ကြန်အကျနေ့(ဧပြီ ၁၄) မနက်ပိုင်း ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ မြို့ပေါ်ရပ်ကွက်များတွင် ရေကစားသူမရှိ တိတ်ဆိတ်နေသည်။ ပုံမှန်နေ့များကဲ့သို့ပင် စျေးသည်၊ စျေးဝယ်များနှင့် လမ်းသွားလမ်းလာများသာ လှုပ်ရှားသွားလာနေကြသည်။ လမ်းမတန်းရပ်ကွက်များ၌ ရေကစားသူမရှိ၊ ရွာအစွန်ရပ်ကွက်...

မြိတ်သင်္ကြန်အကျနေ့ မဏ္ဍပ်များတွင်သာ ရေကစားသူရှိ

သင်္ကြန်အကျနေ့တွင် မြိတ်မြို့၏ လမ်းမများပေါ် ကလေးအချို့မှလွဲ၍ ရေကစားကြသူမရှိဘဲ ခြောက်ကပ်နေပြီး ဗဟိုမဏ္ဍပ်နှင့် ရပ်ကွက် မဏ္ဍပ်များရှေ့တွင်သာ ရေပက်နေကြသူများရှိကြောင်း ဒေသခံများ ထံမှသိရသည်။ လူငယ်အချို့သာ ရေပက်ခြင်း ရေပက်ခံထွက်ခြင်းများ ရှိသည်ဟု မြို့ခံများကပြောသည်။

ထားဝယ်မြို့က ဆောက်လုပ်ရေးမဏ္ဍပ်တွင် ရေကစားကြသူများ

မဟာသင်္ကြန်ပွဲရောက်ပြီဆိုလျှင် တခုတ်တရ ရေကစားလေ့ရှိကြသည့် ထားဝယ်မြို့ပေါ်တွင် ယခုနှစ်တွင်တော့ ရေကစားသူ အနည်းငယ်သာ ရှိကြသည်။ ထားဝယ်မြို့က ဆောက်လုပ်ရေးမဏ္ဍပ်တွင် ရေကစားနေသည့် မြင်ကွင်းကို ၂၀၁၅ ခုနှစ်ကပုံနှင့် ယခုနှစ် သင်္ကြန်အကြိုနေ့ မြင်ကွင်းတို့ကို တွဲယှဉ်ဖော်ပြလိုက်ပါသည်။

မြိတ်က သင်္ကြန်အကြိုနေ့

ခရီးသွားများဖြင့် စည်ကားလေ့ရှိသည့် တနင်္သာရီတိုင်း၊ မြိတ်မြို့ မဟာသင်္ကြန်ပွဲမှာ ယခုနှစ်တွင်တော့ ကလေးငယ်အချို့သာ ရေကစားနေကြသည်ကိုတွေ့မြင်ရသည်။ ယနေ့(သင်္ကြန်အကြိုနေ့) ညနေ ၃ နာရီခန့်တွင် မြိတ်မြို့ရှိလမ်းများပေါ်၌ လူအသွားအလာ ခြောက်ကပ်နေပြီး ရေကစားသူမရှိသည့် အခြေအနေကို မြင်တွေ့ကြရသည်။