အုပ်ချုပ်ရေးမှူး ရောင်းခဲ့သည့် မြေ ကွက် ယခုအထိ မရဟုဆိုကာ တိုင်ကြား

ကျေးရွာအုပ်ချုပ်ရေးမှူးက ရောင်း ချခဲ့သည့် မြေကွက်များကို လက်ရှိအချိန် အထိ မရဟုဆိုကာ မြေကွက်မရသူ ၁၈ ဦးက ကော့သောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ပြီးခဲ့သည့်ဒီဇင် ဘာလ ၂၂ ရက်က တိုင်ကြားထားကြောင်း တိုင်ကြားသူများထံမှ သိရသည်။ ကော့သောင်းမြို့နယ်၊ ရွှေပြည်စိုး ကျေးရွာ၊ သောင်ဖြူကျေးရွာ (၂) ငါးအိမ်စု...

ဒုတိယတန်း ကျောင်းသားတစ်ဦး ဘက်ဟိုးညှပ်ပြီး သေဆုံး

မြိတ်မြို့ ရေပုန်းနယ်မြေ အောင် ချမ်းသာရပ်ကွက် ဘောလုံးကွင်းတွင် ဇန်နဝါရီလ ၁၈ ရက်က ဘက်ဟိုးယာဉ် ပေါ် တက်ကစားသည့် ဒုတိယတန်း ကျောင်းသားတစ်ဦး ဘက်ဟိုးယာဉ် ညှပ်ပြီး သေဆုံးခဲ့ရကြောင်း ယင်းနယ် မြေ အုပ်ချုပ်ရေးရုံးမှ သိရသည်။ ဘောလုံးကွင်းမြေညှိပြီး၊ ပြန်ထွက် ချိန်တွင် ဘတ်ဟိုးယာဉ်ပေါ်သို့...

ရပ်/ကျေးအုပ်ချုပ်ရေးမှူးရွေးပွဲ တိုင်ကြားမှု ထားဝယ်ခရိုင်တွင် ၁၀ ခု

ရပ်ကျေးအုပ်ချုပ်ရေးမှူး ရွေးချယ် ခြင်းနှင့် ပတ်သက်၍ ခရိုင်အတွင်း တိုင်ကြားမှု ၁၀ ခုရှိကြောင်း ထားဝယ် ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်ရာတွင် ဇန်နဝါရီလ လယ်ပိုင်းအထိ တိုင်ကြားမှု ၁၀ ခု ရှိပြီး သက်ဆိုင်ရာ မြို့နယ်အလိုက် စစ်ဆေး...

မြိတ်ခရိုင် လျှပ်စစ်ထုတ်လုပ်ရေး တင်ဒါလျှောက်သည့် ကုမ္ပဏီ ခြောက်ခုရှိ

မြိတ်မြို့နယ်အတွင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း အိတ် ဖွင့်တင်ဒါပိတ်သည့် အချိန်ထိ လျှောက် လွှာတင်သည့် ကုမ္ပဏီခြောက်ခုရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးက ပြောသည်။ လျှပ်စစ်ထုတ်လုပ်ရေးအတွက် တင်ဒါလျှောက်လွှာများကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်က စတင်ရောင်းချခဲ့ပြီး ၂၀၁၈ ခုနှစ်...

ကော့သောင်းလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးရေး ကော့သောင်းအများပိုင် တင်ဒါအောင်

ကော့သောင်းမြို့နယ်တွင် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးခွင့်ကို ကော့သောင်းအများပိုင်ကုမ္ပဏီ ((KDDPC) က အောင်မြင်ခဲ့ကြောင်း တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီး ဦးကြည်လှိုင်က ပြောသည်။ ကော့သောင်းမြို့နယ် လျှပ်စစ် ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး တင်ဒါ ကို ဝင်ပြိုင်သည့် ကုမ္ပဏီ ၆ ခုကို အချိန် ၃...

မွန်အမျိုးသား ကိုယ်စားပြုပါတီသစ် ၆ လအတွင်း ဖွဲ့စည်းသွားမည်

မွန်အမျိုးသားကိုယ်စားပြုနိုင်ငံ ရေးပါတီတစ်ခုကို ၆လအတွင်း ဖွဲ့စည်း ဖော်ဆောင်သွားမည်ဟု မွန်နိုင်ငံရေးညီ လာခံက ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၃နှင့် ၁၄ ရက်တို့တွင် ကျင်းပ ပြုလုပ်ခဲ့သည် မွန်နိုင်ငံရေး ညီလာခံမှ မွန်အမျိုးသား ကိုယ်စားပြု နိုင်ငံရေးပါတီတစ်ခုကို ၆ လအတွင်း ဖွဲ့စည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်ထားချက်ကို ဇန်နဝါရီလ...

သုံးဘီးယာဉ်မောင်းများ လိုက်နာရန် ထုတ်ပြန်ချက် မြေပြင်အခြေအနေနှင့် ကိုက်ညီမှုမရှိဟုဆို

ထားဝယ်မြို့နယ်အတွင်း ပြေးဆွဲ နေသည့် သုံးဘီးယာဉ်မောင်းများ လိုက် နာရန် ထုတ်ပြန်လိုက်သည့် စည်းကမ်း ချက်အချို့မှာ မြေပြင် အခြေအနေနှင့် ကိုက်ညီမှုမရှိကြောင်း သုံးဘီးယာဉ် မောင်း အများစုက ဝေဖန်လျက်ရှိသည်။ ထားဝယ်မြို့နယ် သုံးဘီးဆိုင်ကယ် လုပ်ငန်း ထိန်းသိမ်းကြီးကြပ်ရေး ကော် မတီက ယခုလဆန်းပိုင်းတွင် ထုတ်ပြန် လိုက်သည့်...

ထားဝယ်ခရိုင်တွင် မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့ နှစ်ဆယ်ကျော်ရှိ

ခရိုင်အတွင်း မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့အရေအတွက်မှာ ၂၀၁၄ ခု နှစ်မှ လက်ရှိအချိန်ထိ နှစ်ဆယ်ကျော် ရှိကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။ သာရေး၊ နာရေးကဲ့သို့ လူမှုရေး ထောက်ပံ့မှုလုပ်ငန်းများ လုပ်ကိုင်သည့် အသင်းအဖွဲ့များကိုသာ မှတ်ပုံတင်ခွင့် ပြုပြီး လက်ရှိအချိန်ထိ မှတ်ပုံတင်ထား သည့် အသင်းအဖွဲ့ စုစုပေါင်း ၂၃...

လောင်းလုံးတွင် သံသယရှိ ရေသန့်သုံးမျိုး စစ်ဆေး

လောင်းလုံးမြို့ဈေးကွက်တွင် ရောင်းချနေသည့် ရေသန့် သုံးမျိုးကို သန့်ရှင်းမှု ရှိမရှိ စစ်ဆေးနိုင်ရန် တိုင်း ဒေသကြီး အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲမှု ဦးစီးဌာန (FDA) ထံ တင်ပြထားကြောင်း သိရသည်။ မြို့နယ် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ကော်မတီက ဇန်နဝါရီ ၁၂ ရက်တွင်...

အသေးစားလုပ်ငန်းရှင်များကို ကျပ်သန်းသုံးရာအထိ ငွေချေးမည်

တနင်္သာရီတိုင်းအတွင်းရှိ အသေး စား အလတ်စား လုပ်ငန်းရှင်များ (SME) ကို ဇန်နဝါရီလမှ စတင်ကာ ငွေကျပ်သန်း ၃၀၀ အထိ ချေးသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး မြန်မာ့စီးပွားရေးဘဏ် (တိုင်းဒေသ ကြီးရုံး)ထံမှ သိရသည်။ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ ကုန် ထုတ်လုပ်ရောင်းဝယ်မှုလုပ်ငန်း၊ ပြည်ပ ပို့ကုန်လုပ်ငန်း၊...