မော်လမြိုင်-သံဖြူဇရပ်လမ်းကို အချိန်မီပြုပြင်ရန် တိုက်တွန်း

ဝေဖန်မှုများမြင့်တက်နေသည့် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းကို အချိန်မီပြုပြင်ရန် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြည်နယ်အစိုးရအား တိုက်တွန်းလိုက်သည်။ အေးကို(AK) ကုမ္ပဏီက BOT စနစ်ဖြင့် တည်ဆောက်လျက်ရှိသည့် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းတွင် ကုမ္ပဏီဘက်က စာချုပ်အရ ၂၄ ပေ လမ်းအလယ်ကြောတစ်လျှောက်ကိုသာ နိုင်လွန်ကတ္တရာ ခင်းထားသည့်အတွက် လမ်းအလယ်ကြောမှာ နံဘေးလမ်းထက် အနည်းငယ်...

ရေပြန်ကျသော်လည်း သောက်သုံးရေအခက်အခဲကြောင့် အိမ်မပြန်နိုင်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အတွင်းက ရေကြီးရေလျှံ မှုပြန် ကျသွားသော်လည်း သောက်သုံးရေ အခက်အခဲကြောင့် ရေဘေးရှောင် ပြည် သူများ လတ်တလောတွင် အိမ်မပြန် နိုင်သေးကြောင်း ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။ ဇူလိုင်လ ၂၂ ရက်မှ စပြီး အဆက် မပြတ်ရွာသွန်းသည့်မိုးကြောင့်နှင့် တောင်ကျချောင်းရေကြောင့် ဘီးလင်း...

တပ်မတော်နှင့် ဖြစ်ပွားနေသည့် ပဋိပက္ခကို JMC-U မှတစ်ဆင့် ဖြေရှင်းမည်ဟု မွန်ပြည်သစ်ပြော

မွန်ပြည်သစ်ပါတီနှင့် တပ်မတော် အကြား လတ်တလောဖြစ်ပွားနေသည့် ပဋိပက္ခနှင့် ပတ်သက်ပြီး ပြည်ထောင်စုအဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ JMC-U မှတစ်ဆင့် ဖြေရှင်းသွားမည်ဟု မွန်ပြည်သစ်ပါတီက ပြောသည်။ မွန်ပြည်သစ်ပါတီနှင့် တပ်မတော်၊ BGF ပူးပေါင်းအဖွဲ့တို့ နိုဝင်ဘာ...
Dawei Watch, Dawei News, Dawei News Media

မွန်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့်သူ လေးသိန်းကျော်ရှိ

မွန်ပြည်နယ်တစ်ခုလုံးတွင်အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးရမည့် မဲဆန္ဒရှင်က လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။ ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အားလုံးကို ကြိုတင်မဲပေးရန် ကော်မရှင်က ခွင့်ပြုထားသည်။ ၎င်းတို့မှာ...

မွန်ဝန်ကြီးချုပ်ကို ဝေဖန်ခဲ့သူအား အလုပ်နှင့်ထောင်ဒဏ်တစ်နှစ် ချမှတ်

မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက် တာအေးဇံအား လူမှုကွန်ရက်စာမျက်နှာ (Facebook)ပေါ်တွင် ဝေဖန်ခဲ့သူ ဦးအောင်ကိုကိုလွင်အား သထုံမြို့နယ် တရားရုံးက အလုပ်နှင့်ထောင်ဒဏ် တစ် နှစ် ချမှတ်လိုက်သည်။ ဇန်ဝါရီလ ၃ ရက်က ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သထုံမြို့သူမြို့သား များ တွေ့ဆုံပွဲနှင့် ပတ်သက်ပြီး ဝေဖန်ခဲ့ သည့်အတွက်...

မွန်ပြည်သစ်ပါတီ၏ အကောက်ခွန် ဂိတ် ၂ ခု တပ်မတော် ဖယ်ရှား

ထိုင်း-မြန်မာနယ်စပ် ဘုရားသုံး ဆူနှင့် သံဖြူဇရပ်ကားလမ်းပေါ်ရှိ မွန် ပြည်သစ်ပါတီ အကောက်ခွန်ဂိတ်စခန်း ၂ ခုကို တပ်မတော်က ဖယ်ရှားခိုင်းလိုက် သည်ဟု ဘုရားသုံးဆူမြို့ မွန်ပြည်သစ် ပါတီ ဆက်ဆံရေးရုံးမှ သိရသည်။ တပ်မတော် နယ်မြေခံ တပ်ရင်း ခလရ ၂၈၄ မှ ဖေဖော်ဝါရီ ၁၃...

မွန်တွင် ဆားအထွက် ၂၀ ရာခိုင်နှုန်းခန့် လျော့ဖွယ်ရှိ

၂၀၁၆-၂၀၁၇ ခုနှစ် ဆားထုတ်လုပ်ရာသီတွင် ရာသီဥတု အခြေအနေကြောင့် မွန်ပြည်နယ်ဆားအထွက် ၂၀ ရာခိုင်နှုန်းခန့် လျော့ကျဖွယ်ရှိသည်ဟု သတ္တုတွင်းဝန်​ကြီးဌာန၊ မြန်​မာ့ဆားနှင့်​ အဏ္ဏဝါဓာတု​ဗေဒပစ္စည်း ထုတ်​လုပ်​​ရောင်းဝယ်​​ရေးလုပ်​ငန်း (မွန်​ပြည်​နယ်​) ပြည်နယ်ဦးစီးမှူးက ပြောသည်။ ဆားထုတ်လုပ်ရာသီအစဖြစ်သည့် ဇန်နဝါရီလက တစ်ကြိမ်၊ သင်္ကြန်ကာလအတွင်းက တစ်ကြိမ် မိုးရွာခဲ့သဖြင့် ဆားကွင်းများ ပျက်စီးသွားသည့်အတွက် ဆားထုတ်လုပ်မှုလည်း...

ဓာတ်ကျသည်ဟုဆိုကာ ခွင့်ပြု ချက်မရှိ ဘုရားတည်နေသည့် ရသေ့အား သတိပေး

လောင်းလုံးမြို့နယ်အတွင်း ခွင့်ပြု ချက်မရှိဘဲ ဘုရားစေတီတည်ခြင်းနှင့် သာသနာရေးကိစ္စနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း စည်းလုံးမှု ပြိုကွဲ စေနိုင်သည့် ဟောပြောလုပ်ဆောင်မှုများ မပြုလုပ်ရန် ရသေ့တစ်ပါးအား ပြီးခဲ့ သည့်အပတ်က ဆရာတော် သံဃာတော် များက ဆုံးမသတိပေးခဲ့ကြောင်း လောင်းလုံး မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ အဆိုပါ ရသေ့သည်...

ရေစီးသန်သည့် ကျိုက်မရောသို့ အလှူရှင်များ ကိုယ်တိုင်သွားမလှူရန် ပြည်နယ်အစိုးရ မေတ္တာရပ်ခံ

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တွင် အတ္တရံမြစ်ရေ ရေစီးသန်နေသည့် အခြေအနေကြောင့် လတ်တလောတွင် အလှူရှင်များ ကိုယ်တိုင်ကိုယ်ကျ သွားရောက် မလှူဒါန်းကြရန် မွန်ပြည်နယ် အစိုးရအဖွဲ့က မေတ္တာရပ်ခံထားသည်။ လတ်တလော အခြေအနေအရ အတ္တရံမြစ် ရေစီးသန်နေခြင်း၊ ရေဘေး အန္တရာယ်...

ဖမ်းမိသည့် ထိုင်းဝက်များကို အစိုးရက လေလံတင်ရောင်းမည်

မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိ ထားသည့် ထိုင်းဝက်များကို တစ်ကောင် ကျပ်တစ်သိန်းခွဲဖြင့် ကြမ်းခင်းဈေးသတ် မှတ်ကာ လေလံတင်ရောင်းချသွားမည်ဟု မွန်ပြည်နယ် မွေးမြူးရေးနှင့် ကုသရေး ဦးစီးဌာနထံမှ သိရသည်။ ဇန်နဝါရီလ ၅ ရက်က ထပ်မံ ဖမ်းဆီးရမိထားသည့် အထောက်အထား မဲ့ ထိုင်းဝက်အကောင်ရေ ၃၅၀ ခန့်ကို...