ကဆုန်လပြည့်နေ့ နှစ်ကျိပ်ရှစ်ဆူ ရေသပ္ပာယ်ပွဲ ပထမဆုံးအကြိမ် ကျင်းပ

ကော့သောင်းမြို့တွင် ကဆုန်လပြည့်နေ့တွင် နှစ်ကျိပ်ရှစ်ဆူ ဗုဒ္ဓရုပ်ပွားတော်များအား မြို့တွင်းလှည့်လည် ရေသပ္ပာယ် ပူဇော်ခံပွဲကို ပထမဆုံးအကြိမ် ကျင်းပခဲ့သည်။ မြို့ပေါ် ၁၀ရပ်ကွက်နှင့် ပရဟိတ အသင်းတို့ ပူးပေါင်းကာ ခရိုင် သာသ နာ့ အနုဂ္ဂဟအသင်း ဦးဆောင်မှုဖြင့် ရပ်ကွက်များအတွင်း ကြွချီကာ ရေသပ္ပာယ် အပူဇော်ခံခြင်းဖြစ်သည်ဟု အဆိုပါပွဲကို...

ကော့သောင်း မင်္ဂလာဈေး အသစ် ပြန်ဆောက်မည်

ကော့သောင်းမြို့နယ်၊ ရွှေဟင်္သာ ရပ်ကွက်ရှိ မင်္ဂလာဈေးကို ယခုနှစ် အတွင်း အသစ် ပြန်ဆောက်မည် ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ နှစ်အတန်ကြာ ပြင်ဆင်မွမ်းမံမှု မလုပ်နိုင်သည့်အတွက်  ဈေးသည်များနှင့် ဝယ်ယူသူများ အရောင်းဝယ်နှင့် သွားလာ ရေး အခက်ခဲဖြစ်လာခြင်းကြောင့် ယခုနှစ် တွင် ဈေးအင်္ဂါရပ်နှင့်အညီ...

ကော့သောင်း ဟိုတယ်များကို ယစ်မျိုးလိုင်စင် ထုတ်ပေးမည်

ကျွန်းပေါ်ဟိုတယ်ဖြစ်သည့် သူဋ္ဌေးကျွန်းဟိုတယ်တစ်ခုတွင်သာ ယစ်မျိုးလိုင်စင်ရှိသည့် ကော့သောင်းခရိုင်အတွင်းရှိ ဟိုတယ်များကို လိုင်စင် ထပ်ထုတ်ပေးမည်ဖြစ်ကြောင်း ကော့သောင်းခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။ ကော့သောင်းမြို့ပေါ်ရှိ ဟိုတယ် ၅  ခုနှင့် ကျွန်းပေါ် ဟိုတယ် ၃ ခုတွင် နိုင်ငံခြား အရက်များ လက်လီရောင်းချခွင့် လိုင်စင်ထုတ်ပေးသွားမည်ဖြစ်ကြောင်း အထက်ပါ...

နွေရာသီတွင် မြို့နယ်မီးသတ်မှ သောက်သုံးရေနေ့စဉ် လှူဒါန်းမည်

မြို့နယ် မီးသတ်ဦးစီးဌာနမှ ကော့သောင်းမြို့ပေါ် ၁၀ ရပ်ကွက်သို့ သောက်ရေ၊ သုံးရေများကို ဧပြီလ ပထမ အပတ်မှ စတင်ကာ နေ့စဉ်လှူဒါန်းရန် စီစဉ်နေကြောင်း မြို့နယ်မီးသတ်ဦးစီး ဌာနထံမှ သိရသည်။ လက်ရှိတွင် ရေတွင်းတချို့ ရေစတင် ခမ်းခြောက်စပြုလာပြီး ရေစရှားလာ သောကြောင့် ရေအခက်ခဲဖြစ်သည့် ရပ်ကွက်အတွင်း နေအိမ်များကို...

ပုလုံးတုံတုံး ကမ်းခြေ အဝင်လမ်း မပြီးသေး၊ သင်္ကြန်တွင် စီးပွား ထိခိုက်မည်ကို ဈေးဆိုင်များ စိုးရိမ်

ကော့သောင်းမြို့၊ ပုလုံးတုံတုံး ကျေးရွာ ကမ်းခြေအဝင် ကျောက်ခင်း လမ်းမပြီး သေးသည့်အတွက် ကမ်းခြေ ကို အမှီပြု ရောင်းချနေသည့် ဈေးဆိုင် များ သင်္ကြန်ကာလ စီးပွား ထိခိုက် မည်ကို စိုးရိမ်ကြောင်း နှစ်စဉ် ဈေး ရောင်းချသူများက ပြောသည်။ ခင်းလက်စ လမ်းပေါ်ရှိ ကျောက်တုံး...

ဆိုလာပြား ၂၀၀ အခမဲ့ ဖြန့်ဝေ

တိုင်းဒေသကြီးအစိုးရ ရန်ပုံ ငွေဖြင့် ရွှေပြည်စိုးကျေးရွာတွင် ဆိုလာ ပြား အခု ၂၀၀ ကို အခမဲ့ ဖြန့်ဝေ ပေးခဲ့ကြောင်း ရွာသူရွာသား များထံမှ သိရသည်။ ရွှေပြည်စိုး ကျေးရွာတွင် အခု ၁၀၀၊ ကျေးရွာ အုပ်စုခွဲဖြစ်သည့် ချောင်းဝကျေးရွာတို့တွင် ၁၀၀ ခု ဖြန့်ဝေပေးခဲ့ကြောင်း...

ကော့သောင်းတွင် သင်္ကြန်မတိုင်မီ ကာမစိတ်ကြွဆေးနှင့် တားမြစ်ဆေးများ စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်တွင် သင်္ကြန်ကာလအတွင်း ကာမစိတ်ကြွဆေး တားမြစ်ဆေးများနှင့် ဆေးဝါးအတုများ ရောင်းချခြင်း မရှိစေရန် ဆေးဆိုင်များကို စစ်ဆေးခဲ့ကြောင်း ကော့သောင်းမြို့ရှိ ဆေးဆိုင်များမှ သိရသည်။ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့မှ ကျန်းမာရေး ဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် တရားမဝင်ဆေးဝါးများနှင့် တားမြစ်ဆေးများ ရောင်းချခြင်းရှိမရှိ...

ယင်းဝါကန် ရေအရည်အသွေးနှင့် သူတို့ အတွေး၊ မျှော်လင့်ချက်

ကိုမင်းစွမ်၊ ရေကားဖြင့် ရေပေးဝေရေး လုပ်ငန်းလုပ်ကိုင်သူ၊ အေးရိပ်ငြိမ်ရပ်ကွက်။ ကျွန်တော်ကတော့ ရေကားနဲ့ ရေဝယ်ယူပြီး ရပ်ကွက်ထဲမှာ ပြန် ရောင်းချပေးတာပါ။ ခုဒီနှစ်ထဲ မှာတော့ တွင်းရေနဲ့ ရောင်းတဲ့ ရေစက်ကနေတဆင့် ယူရောင်း နေတုန်းပါပဲ။ ပြီးခဲ့တဲ့ တစ်နှစ်လောက်က မြို့တစ်မြို့လုံး ရေပြတ်သွားတာ ကြုံဖူးတယ်။ အဲဒီအချိန်က ယင်းဝါရေလှောင်တမံက...

သင်္ကြန်ကာလအတွင်း ကမ်းရိုးတန်းအမြန်ရေယာဉ်များ ပုံမှန်ပြေးဆွဲမည်

ကော့သောင်း - မြိတ် - ထားဝယ်ပြေးဆွဲနေသည့် ကမ်းရိုးတန်းအမြန်ရေယာဉ်များ သင်္ကြန်ကာလအတွင်း ပိတ်ရက်မရှိ ပုံမှန်ပြေး ဆွဲသွားမည်ဖြစ်ကြောင်း ကော့သောင်းမြို့ အမြန်ရေယာဉ် လက်မှတ်အရောင်း ဌာနများထံမှ သိရသည်။   ရာသီဥတုအခြေအနေကြောင့် ရပ်နားရသည်မှအပ ပုံမှန်ပြေးဆွဲမည်ဖြစ်ပြီး လက်မှတ်နှုန်းထားများကိုလည်း တိုးမြှင့်မည် မဟုတ်ဟု အထက်ပါ လက်မှတ် အရောင်းဌာနများက ပြောသည်။ လက်ရှိ...

လစာမရှင်းပေးသည့်ကိစ္စ ယုဇန ဆီအုန်းလုပ်သား ၄၀ ကျော် သက်ဆိုင်ရာ တိုင်

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဋ္ဌေးမြင့်ပိုင် ယုဇနဆီအုန်းကုမ္ပဏီမှ လုပ်သားတချို့က ကုမ္ပဏီမှ လုပ်ခ မရှင်းပေးသည့်အတွက် မတ်လ ၂၅ ရက်နေ့က ကော့သောင်းမြို့နယ် အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူ လုံရေး ဦးစီးဌာနထံ စုပေါင်း လက်မှတ် ရေးထိုး တိုင်ကြားထားကြောင်း အလုပ် သမားများထံမှ သိရသည်။ ခမောက်ကြီးမြို့နယ်ခွဲရှိ...