မောင်းမကန်စီမံကိန်း ဧရိယာအတွင်း ကျရောက်သူများအတွက် အစားထိုးမြေနေရာ စတင်ဖော်ဆောင်မည်

တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် က အတည်ပြုထားပြီးဖြစ်သည့် မောင်းမ ကန်မြို့သစ်နှင့် ဟိုတယ်ဇုန် ဖွံ့ဖြိုးရေး စီမံကိန်းအား ယင်းစီမံကိန်းဧရိယာအတွင်း ကျရောက်သူများအတွက် အစားထိုးမြေ နေရာဖော်ဆောင်ခြင်းဖြင့် လုပ်ငန်းစတင် မည်ဖြစ်ကြောင်း စီမံကိန်း အကောင် အထည်ဖော်ရေးကော်မတီ၏ အတွင်းရေးမှူး ဒေါ်ခင်မိမိထွေးက ပြောသည်။ စီမံကိန်းဧရိယာအတွင်း ကျရောက် နေသူများအား...

စက်မှုလက်မှုလေ့ကျင့်ရေး သင်တန်းကျောင်းဆောက်နိုင်ရန် ကြိုးစားမည်ဟုဆို

ထားဝယ်ဒေသတွင် လူငယ်များ အတွက် စက်မှုလက်မှုလေ့ကျင့်ရေးသင် တန်းကျောင်း ဆောက်နိုင်ရန် ကြိုးပမ်း မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုး က ပြောသည်။ ကမြောကင်းတံတားအနီးရှိ သတ္တု သန့်စင်စက်ရုံနေရာမှာ လက်ရှိတွင် အသုံးပြုခြင်းမရှိသည့်အတွက် ချုံနွယ်များတက်နေပြီး ယင်းနေရာတွင် လေ့ ကျင့်ရေးသင်တန်းကျောင်း...

အမှုကိစ္စအတွက် မြို့နယ်အလိုက် ဥပဒေဆိုင်ရာအကူအညီ တောင်းနိုင် ပြီ

အမှုကိစ္စတစ်ခုခုကြောင့် ဖမ်းဆီး ထိန်းသိမ်းခံရသူများ၊ ကျူးလွန်ခံရသူ များအနေဖြင့် ဥပဒေကြောင်းအရ ခုခံချေ ပနိုင်ရန် ဥပဒေဆိုင်ရာအထောက်ကူပေး ရေးအဖွဲ့များထံတွင် အကူအညီတောင်း ခံနိုင်ပြီဖြစ်ကြောင်း တိုင်းဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။ နိုဝင်ဘာလ ၄ ရက်မှစတင်ကာ မြို့နယ်အလိုက် အကူအညီ တောင်းခံနိုင် ပြီဖြစ်သည်။ ...

ကံပေါက်သတ္တုလုပ်ကွက်အတွင်း ပိဿာစား သတ္တုရှာသူ လူငယ်နှစ်ဦး မြေပိသေဆုံး

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာရှိ သတ္တုလုပ်ကွက် အတွင်း ပိဿာစားသတ္တုရှာသည့် လူ ငယ်နှစ်ဦး နိုဝင်ဘာလ ၅ ရက်က မြေပိ သေဆုံးခဲ့ကြောင်း ကံပေါက်နယ် မြေရဲ စခန်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၂၀ အရွယ်နှင့် ၂၅ နှစ်အရွယ်...

တနင်္သာရီတွင် ရပ်ရွာလူထုအခြေပြု အပန်းဖြေစခန်းများ ဥပဒေရေးဆွဲမည်

ရပ်ရွာလူထုအခြေပြု အပန်းဖြေ စခန်းများဥပဒေကို ရေးဆွဲရန်စီစဉ်လျက် ရှိပြီး ၂၀၁၉ ခုနှစ်အတွင်း အတည်ပြု ပြဋ္ဌာန်းနိုင်ရန် လျာထားကြောင်း တနင်္သာရီ တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးက ပြောသည်။ ယင်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းနိုင် ရန် ပြီးခဲ့သည့် ၁၀ ရက်ခန့်က တိုင်းဒေ သကြီးအစိုးရအဖွဲ့ဝင်...

တနင်္သာရီဂျာနယ်အမှု တရားခံ စစစ်

တနင်္သာရီဂျာနယ်တွင် မဲဆွယ်အ ပြုံးသရော်စာဖော်ပြခဲ့သည့်အတွက် တနင်္သာရီတိုင်းအစိုးရက တရားစွဲဆို ထားသည့်အမှုနှင့် ပတ်သက်ပြီး တရားခံ ဖြစ်သည့် တာဝန်ခံအယ်ဒီတာ ဦးမျိုးအောင်ကို နိုဝင်ဘာလ ၉ ရက်က စတင် စစ်ဆေးခဲ့သည်။ တနင်္သာရီအပတ်စဉ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကလောင်ရှင် မူးဆေးအိုး ၏ မဲဆွယ်အပြုံး ခေါင်းစဉ်ဖြင့်ရေးသား သည့် သရော်စာသည်...

စားသုံးသူအခွင့်အရေးဆုံးရှုံးမှု တိုင်ကြားက ဖုန်းဘေလ်သုံးထောင်ရမည်

ကုန်စည်နှင့် ဝန်ဆောင်မှုများ ဝယ် ယူသုံးစွဲရာတွင် စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများကို တိုင်ကြားပါက ဖုန်းငွေ ဖြည့်ကတ် သုံးထောင်ကျပ် ပြန်ပေးမည် ဖြစ်ကြောင်း မြန်မာနိုင်ငံစားသုံးသူများ သမဂ္ဂ (MCU) အတွင်းရေးမှူး ဦးမောင်မောင်က ပြောသည်။ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု များ ဝယ်ယူစဉ်က ပေးထားသည့်အာမခံ သည့်အချက်များအတိုင်း...

ထားဝယ်ဒေသ၏ ထင်ရှားသော အမှတ်အသား ရုပ်ပုံပါသည့်အင်္ကျီများ စရောင်း

ထားဝယ်ဒေသ၏ ထင်ရှားသော အမှတ်အသား ရုပ်ပုံပါသည့်အင်္ကျီများ ကို ထားဝယ်တန်ဆောင်တိုင်ပွဲတော် ကာလအမီ ထားဝယ်ဈေးကွက်တွင် စတင်ရောင်းချလျက်ရှိကြောင်း အင်္ကျီ ရောင်းချသူ ကိုကျော်ကိုစိုးက ပြောသည်။ ယခုလမှ စတင်ကာဖြန့်ဖြူးရောင်း ချလျက်ရှိပြီး စာတန်းမပါဘဲ ထားဝယ် ဒေသ၏ ထင်ရှားသော အမှတ်အသား ရုပ်ပုံများဖြင့် ဖော်ပြထားသောအင်္ကျီ ဖြစ်ပြီး လတ်တလောတွင်...

လွန်ခဲ့သည့် အနှစ်သုံးဆယ်ကNLDရုံးခန်းဖွင့်လှစ်ခဲ့ဖူးသည့် အဆောက်အအုံကို အန္တရာယ်ရှိသည့် အဆောက်အအုံအဖြစ် သတ်မှတ်

လွန်ခဲ့သည့် အနှစ်သုံးဆယ်ကNLDရုံးခန်း ဖွင့်လှစ်ခဲ့ဖူးသည့် အဆောက် အအုံကို အန္တရာယ်ရှိ အဆောက်အအုံ အဖြစ် ဩဂုတ်လက သတ်မှတ်ခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ယင်းအဆောက်အအုံသည် ထား ဝယ်မြို့၊ အာဇာနည်လမ်းမပေါ်ရှိ ထား ဝယ်ကူးသန်းရောင်းဝယ်ရေးရုံးနံဘေး လမ်းကြားငယ်တစ်လမ်းခြားတွင် တည် ရှိသည်။ အဆိုပါကူးသန်းရောင်းဝယ်ရေး ရုံးနံဘေးရှိ အဆောက်အအုံသည်...

အင်္ကျီနှင့် ဘောင်းဘီ အတိုအပြတ်ဝတ်က တိုင်းအစိုးရရုံးသို့ ဝင်ခွင့်မပြု

အင်္ကျီ၊ ဘောင်းဘီ အတိုအပြတ်ဖြင့် တနင်္သာရီတိုင်းအစိုးရအဖွဲ့ရုံးသို့ ဝင် ရောက်ခွင့်မပြုကြောင်း နိုဝင်ဘာလ ၈ ရက်က ဗီနိုင်းပြားဖြင့် စတင်ကြေညာ လိုက်သည်။ ပုခုံးသိုင်းကြိုးမပါသည့်အင်္ကျီ၊ ကြိုးတစ်လုံးအင်္ကျီ၊ ဘောင်းဘီတို၊ စကတ်တို၊ ဂါဝန်တို ဝတ်ဆင်ထားက ဝင်ရောက်ခွင့်မပြုကြောင်း တိုင်းအစိုးရ အဖွဲ့ရုံးဝင်ပေါက်ဝတွင် ရေးသားထား သည်။ တိုင်းအစိုးရအဖွဲ့ရုံးက အဓိကကျသည့်...