သစ်တောဧရိယာ လျော့ကျလာသော ကျိုက်ထီးရိုးတောင် စိမ်းလန်းရေး

ဟိုတယ် နှင့် ရွာချဲ့လာခြင်း၊ သာသနာ့နယ်မြေချဲ့လာခြင်း စသည့်အကြောင်း အမျိုးမျိုးကြောင့် သစ်တော့ ဧရိယာ လျော့ကျလာသော ကျိုက်ထီးရိုးတောင် စိမ်းလန်း စိုပြေရေးအတွက် ဘဏ္ဍာငွေ တောင်းခံလိုက်သည်။ ထိုအတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ၂၁ သန်းကျော် တောင်းခံထားကြောင်း မွန်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးက...

ဇီဝဇိုးတို့ ပျော်စံရာ

လေညာရပ်ကွက်ထဲသို့ ခြေချ လိုက်မိသည်နှင့် ဟိုနားတကျွီကျွီ ဒီနား တကျွမ်ကျွမ်ဖြင့် ရပ်ကွက်လမ်းတစ် လျှောက်အတိုင်းသား ကြားရသည်။ ရပ်ကွက်နှစ်ခုပေါင်းလျှင် အိမ်ခြေ သုံးရာခန့်ရှိသည့် ယင်းနေရာတွင် လွန်ခဲ့သည့်ဆယ်နှစ်ကျော်က ထိုအသံမျိုး မကြားရတတ်။

ထားဝယ်ဒေသက ဦးရှင်ကြီးနတ်တင်တဲ့ဓလေ့

ဒီည အိမ်မှာဦးရှင်ကြီးဆွမ်းတင်မှာမို့ ကြွခဲ့ပါဦး တဲ့ ။ ကျွန်တော်တို့နဲ့ခုနှစ်အိမ်ကျော်က အစ်မကြီးတစ်ယောက် လာဖိတ်တယ် ။ ဦးရှင်ကြီးဆွမ်းတင်မလို့ဆိုပါလား ။ ကြားလိုက်ရတဲ့ သတင်းကြောင့်...

“တနင်္သာရီရိုးရာ နတ်လမ်းပြ နဝဒတ် (နဝထပ်)အိုင်နှင့် လက်ယာရစ် ချည်ချည်ခြင်းဓလေ့”

တနင်္သာရီဒေသ တနင်္သာရီလူမျိုးရိုးရာဓလေ့များထဲတွင် ချည်ချည်ခြင်း ဓလေ့ကို ပုံစံအမျိုးမျိုး၊ ရည်ရွယ်ချက်အမျိုးမျိုးနှင့် ယနေ့တိုင် အစီအရင် ပြုလုပ်နေကြသည်ကို လေ့လာနိုင်ပေသည်။ ထိုအထဲမှာမှ- "နတ်လမ်းပြ န၀ဒတ်(နဝထပ်)အိုင် အစီအရင်နှင့် လက်ယာရစ် ချည် ချည်ခြင်း"၊ ဘေးအန္တရာယ်ကင်းရှင်းစေရန်နှင့် အစစ...

သင်္ကြန်အလှူခံ သုခုမအဖွဲ့လေးများ

“သင်္ကြန်ဟေ့” ဆိုလျှင် သင်္ကြန်အလှူခံ အဖွဲ့လေးတို့ လှုပ်လှုပ်ရွရွ။ အလှူခံနည်းပေါင်းစုံ၊ ရည်ရွယ် ချက်ပေါင်းစုံဖြင့် အလှူခံအဖွဲ့ပေါင်းစုံတို့ ရပ်ရွာထဲ လှည့်လည်အလှူခံကြသဖြင့် အိမ်တိုင်းနီးပါးက အလှူခံအဖွဲ့တိုင်း ကို သင့်တော်သလို လှူနိုင်ရန် တတ်နိုင်ရာ ငွေအကြွေများ ကြိုတင်လဲလှယ်ထားကြလေ့ ရှိပါသည်။

ကိုဗစ်ကပ်ဘေးနဲ့ ဝါဆိုသင်္ကန်း

ကိုဗစ်ကပ်ဘေးအကြား ဝါဆိုသင်္ကန်းကပ်လှူပွဲကို မြိတ်မြို့ရှိ နေရာအချို့တွင် ထူးခြားစွာ မြင်တွေ့ရသည် လူစုလူဝေးမပြုလုပ်ရသဖြင့် သံဃာတော်များသည် မော်တော်ယာဉ်ငယ်ဖြင့် တစ်လမ်းချင်း ဝင်ထွက်ပြီး ဝါဆိုသင်္ကန်းအား ကပ်လှူ အပူဇော်ခံယူကြခြင်း ဖြစ်သည်။

ဆယ်စုနှစ်နီးပါး တိမ်ကောနေသည့် မြိတ်ရိုးရာကျားအက ဗိုလ်ချုပ်နှစ် ၁၀၀ ပြည့်တွင် ပြန်လည်ကပြ

ရန်ပုံငွေ အခက်အခဲကြောင့် ဆယ်စုနှစ်နီးပါး မကဖြစ်သည့် မြိတ်ရိုးရာ ကျားအကကို ဗိုလ်ချုပ်အောင်ဆန်း   နှစ်၁၀၀ ပြည့် အထိမ်းအမှတ်နေ့ တွင် ပြန်လည် ကပြလာကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။ အဆိုပါကျားအကကို နှစ်စဉ်တပေါင်းလတွင် ကပြလေ့ရှီပြီး ရန်ပုံငွေအခက်အခဲကြောင့် လွန်ခဲ့သည့် ၈ နှစ်မှစ၍ ကပြဖျော်ဖြေခြင်းကို ရပ်နားခဲ့ရသည်။ “ဒီနေ့က...

ထမင်းဝိုင်းတွေ လက်မစုံတော့ပါ

ခေါင်းတလားထဲ ငုံ့ကြည့်ပြီး မျက်နှာပေါ်ရုံလေး အပေါက်ဖွင့်ထားတဲ့ ခေါင်းထဲက ရုပ်အလောင်းကို သူ့လက်ညိုးနဲ့ သွားသွားတို့နေပါတယ်။ ခွပ်ဒေါင်းပုံပါအနီရောင်အလံအုပ်ထားတဲ့ ခေါင်းတလားရဲ့ဘေးမှာ အဋ္ဌမတန်းကျောင်းသူ တစ်ဦး မျက်ဝန်းထဲ မျက်ရည်အပြည့် နဲ့ပါ။ ဘေးနားကသူနဲ့အရွယ်တူလောက် ရှိတဲ့ မိန်းကလေးတစ်ယောက်ကလည်း သူ့ကို...

လယ်ယာလုပ်ငန်းခွင် ဝင်ချိန် မရေရာမှုများအကြားမှ လယ်သမားများ

ရှုပ်ထွေးနေသည့် နိုင်ငံရေးအခြေအနေအကြား စက်သုံးဆီ၊ ဓာတ်မြေဩဇာ စသည့် သွင်းအားစုဈေးနှုန်း မြင့်တက်နေသသည်။ လယ်သမားအားလုံး မိုးစပါးချေးငွေရရှိရေးမှာ မသေချာသေး။ ထိုသို့အနေအထားတွင် လယ်သမားများ ယခုနှစ် မိုးရာသီ လယ်ယာလုပ်ငန်းခွင်ဝင်ရန် အခက်တွေ့နေကြသည်။
တောင်ခေါင်းလောင်းကျေးရွာ။

အိမ်ဆောက်ခွင့် အိမ်ပြင်ခွင့်မရသည့် ရွာ

ထိုရွာတွင် နေအိမ်များပြိုကျလျှင် ပြန်ဆောက် ခွင့်မရသလို ပြန်ပြင်ခွင့်လည်းမရပါ။ ထိုသို့နှင့်ပင် အန္တရာယ်အကြားနေထိုင်ရသည်။ ယင်းကျေးရွာမှာ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ခန္တီကျေးရွာအုပ်စု အတွင်းရှိနေသည်။ ယင်းကျေးရွာသည် ပုလောမြို့၏ အနောက်မြောက်ဘက် ကျွန်းကြီးတစ်ကျွန်းတွင် တည်ရှိပြီး အများစုမှာ တံငါအလုပ်လုပ်ကြသူများဖြစ်ကြသည်။...