မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပမည်

0
552

မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ် အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို မတ်လ ၂၂ တွင် ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

မြို့နယ်တစ်မြို့နယ်လျှင် အမျိုးသားတစ်သင်းနှင့် အမျိုးသမီးတစ်သင်းစီဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်း ပေါင်း ၂၀ ရှိမည်ဖြစ်ကြောင်း အထက်ပါဌာန ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။

ယင်းပြိုင်ပွဲမှ တိုင်းနှင့်ပြည်နယ် အသက် ၂၅ နှစ်အောက်ပြိုင်ပွဲဝင်မည့် တနင်္သာရီတိုင်း လက်ရွေးစင် ပိုက်ကျော်ခြင်းကစားသမားများကို ရွေးချယ်မည် ဖြစ်သည်။

တိုင်းနှင့်ပြည်နယ် ပြိုင်ပွဲကို နေပြည်တော်တွင် ဇွန်လနောက်ဆုံးအပတ်၌ ကျင်းပမည်ဖြစ်ကြောင်း တိုင်းအားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ကျော်သူစိုး