တံမြက်စည်းအပင်ဈေး ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာ

0
888

တံမြက်စည်းပင် ဈေးသည် ကော့သောင်းနှင့် ရနောင်း ဈေးထက်ဝက်ကွာကြောင်း တံမြက်စည်းလုပ်သူများထံမှ သိရသည်။
အခြောက်ခံပြီးသား တံမြက်စည်းပင် တစ်ထောင်ပါ တစ်စည်းကို ထိုင်းနိုင်ငံ ရနောင်းဘက်ခြမ်းတွင် ထိုင်းဘတ်ငွေ တစ်ရာ ( မြန်မာ ကျပ်ငွေ ၄၇၀၀ ) အထိ ပေးဝယ်လျက်ရှိပြီး မြန်မာဘက်ခြမ်း ကော့သောင်းတွင် တစ်စည်း ကျပ် ၂၅၀၀ ခန့်သာ ပေါက်ဈေးရှိကြောင်း ၎င်းတို့က ပြောသည်။
“ဒီဘက်မှာက တံမြက်စည်းလုပ်ပြီး ရောင်းမှ အဆင်ပြေတယ်၊ ကိုက်တယ်”ဟု ခမောက်ကြီးမြို့ ဖောင်ဆိပ်မှ တံမြက်စည်း လုပ်ကိုင်နေသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
ဒေသထွက် တံမြက်စည်အပင်များ ကို ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ခမောက်ကြီး မြို့ ဖောင်ဆိပ်မှတစ်ဆင့် ပို့ကုန်အဖြစ် တင်ပို့ရောင်းချလျက် ရှိသည် ။

 

မိုးအိ