တက္ကသိုလ်ကျောင်းသားများနှင့် အစိုးရဌာန ဆိုင် ရာဝန်ထမ်းများATMကတ်များကို ကမ္ဘောဇဘဏ်များ တွင် အခမဲ့လျှောက်ထားနိုင်ကြောင်း ကမ္ဘော ဇဘဏ်ရုံး ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျောင်းသားကတ်၊ ဝန်ထမ်းကတ်များဖြင့် ကမ္ဘောဇဘဏ်ခွဲများတွင် လျောက်လွှာဖောင်ဖြည့်သွင်း ကာ လျှောက်ထားရမည်ဖြစ်ပြီး အနည်းဆုံး တစ်ပတ် ခန့်အကြာတွင် ATM ကတ်ရရှိ မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်ရုံးချုပ် ကတ်ဌာနမှ အထက်ပါ တာဝန် ရှိသူက ပြောသည်။
“အခုလောလောဆယ်တော့ ဘယ်အချိန်အထိဆို တဲ့ဟာ မျိုးကန့်သတ်ထားတာမရှိပါဘူး”ဟု ၎င်းတာဝန် ရှိသူက ဆိုသည်။
မြိတ်တက္ကသိုလ်ရှိ ကျောင်းသူ ကျောင်းသားများကို ၎င်းမြို့ရှိ ကမ္ဘောဇဘဏ်ခွဲ(၂)မှ ဝန်ထမ်းများက ကျောင်းသားများ သမဂ္ဂရုံးခန်းတွင် ဩဂုတ်လ ၁ရ ရက်နေ့မှစတင်ကာ လာရောက် ဆောင်ရွက်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူနှစ်ရာကျော်ခန့် ATM ကတ်လျှောက်ထားခဲ့ကြောင်း ကျောင်းသား များသမဂ္ဂဥက္ကဋ္ဌ ကိုချမ်းမြေ့နိုင်ကပြောသည်။
ယခင်ကATM ကတ် အခမဲ့ဝန်ဆောင် မှုကို ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ဆရာမ များကို စတင်ထုတ်ပေးခဲ့ရာမှ အခြားဌာနများ ကပါလျှောက်ထားမှုရှိသဖြင့် ယခုကဲ့သို့ အစိုးရ ဝန်ထမ်းများနှင့် ကျောင်းသူ၊ ကျောင်းသား များကိုပါ ထုတ်ပေးခြင်းဖြစ်ကြောင်း ကမ္ဘောဇ ဘဏ်ရုံးချုပ်ထံမှ သိရသည်။
ပုံမှန်အားဖြင့် ကမ္ဘောဇဘဏ်တွင်ATMကတ် လျှောက်ထားပါက ငွေ ၃၀၀၀ ကျပ် ပေးဆောင်ရကြောင်း သိရ သည်။