ကြက်သွန်နီဈေးတက်ပြီး ကြက်သွန်ဖြူ ဈေးကျသည့် ထားဝယ်ဈေးကွက်

0
258

ထားဝယ်တွင် ယခုအပတ် ကြက်သွန်နီဈေးတက်ပြီး ကြက်သွန်ဖြူ ဈေးကျလာသည်။

ပြီးခဲ့သည့်အပတ်က ကြက်သွန်နီတစ်ပိဿာ ၂၈၀၀ကျပ်မှ ယနေ့ ၃၀၀၀ကျပ်၊မြစ်သားကြက်သွန်နီတစ်ပိဿာ ၃၅၀၀ကျပ်မှ ၃၈၀၀ကျပ်သို့ ဈေးတက်သွားသည်။

တစ်ပတ်အတွင်းကြက်သွန်နီတစ်ပိဿာလျှင် ၂၀၀ကျပ်မှ၃၀၀ကျပ်အထိ ဈေးတက်သွားခြင်းဖြစ်သည်။

သို့သော်ကြက်သွန်ဖြူဈေးမှာကျလာပြီး ယခင်အပတ်က ကြက်သွန်ဖြူတစ်ပိဿာ ၁၀၀၀၀ကျပ်အထိရှိရာက ယနေ့ တစ်ပိဿာ ၉၅၀၀ကျပ်သာရှိတော့သည်။

တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿာ ၅၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

တရုတ်ကြက်သွန်ဖြူ ကြူကုတ်တစ်ပိဿာဈေးမှာလည်း ယခင်အပတ်က ၁၀၈၀၀ကျပ်မှ ယနေ့ ၁၀၂၅၀၀ကျပ်ဖြစ်သွားပြီး တစ်ပတ်အတွင်း ကြူကုတ်တစ်ပိဿာ ၁၇၀၀ ကျပ်ဈေးတက်သွားခြင်းဖြစ်သည်။

ဆန်ဈေးနှင့်စားသုံးဆီဈေးများမှာ ဇယားပါဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရသည်။