ဖေဖော်ဝါရီလ ၁၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
1772

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် အခက်ကြုံနေရသူတွေကို ပြည်သူ့ကာကွယ်ရေးတပ်က ကူညီမယ်ဆိုတဲ့အကြောင်း
  • လောင်းလုံးမြို့မရဲစခန်းနဲ့ ဌာနဆိုင်ရာရုံးအချို့ရှိ ရုံးသုံးပစ္စည်းတွေကို ပြောင်းရွှေ့သွားတဲ့သတင်း
  • လောင်းလုံးမြို့အထက်တန်းကျောင်းက ကျောင်းသားအချို့ကို ဘာသာရပ်အားလုံး တစ်ရက်အတွင်း စာမေးပွဲဖြေခိုင်း တဲ့အကြောင်း
  • ထိုင်းနဲ့ မြန်မာက ဝရမ်းထုတ်ထားတဲ့ သူဌေးကျွန်းပိုင်ရှင် ဦးကျော်လွင်ရဲ့ ညီ ကို စစ်ကောင်စီက ဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးချိန် သေဆုံးသွားတဲ့အကြောင်း
  • ရေဖြူမြို့နယ် ဖောင်းတောရွာ အုပ်ချုပ်ရေးမှူးဟောင်းနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီရေတပ်က ဖမ်းသွားတဲ့ အခြေအနေ
  • မြိတ်မြို့က ဂရုဏာနာရေးကူညီမှုအသင်းရုံးခန်းနဲ့ ဘေးပတ်ဝန်းကျင်ရှိနေအိမ်တွေ မီးလောင်ပျက်စီးသွားတာ
  • မွန်ပြည်နယ်က ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တဲ့အကြောင်း အပါအဝင်
  • ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျ အခြေအနေ

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။