ထားဝယ်တွင် ဆန်ကြမ်းဈေးမြင့်တက်

0
1001

ထားဝယ်ဈေးကွက်တွင် ဆန်တစ်အိတ်ကို ၁၀၃,၅၀၀ ကျပ်ဖြင့် သုံးပတ်ဆက်တိုက်ငြိမ်နေသည့် ရက်ကိုးဆယ် အကယ်ဒမီဆန်မှာ ယနေ့ ဖေဖော်ဝါရီ ၂ ရက်နေ့တွင် ၁၁၄,၀၀၀ကျပ် ဖြစ်လာ သည်။

တစ်ပတ်အတွင်း ဆန်ကြမ်းတစ်အိတ်လျှင် ၁၀၅၀၀ကျပ် ဈေးတက်သွားခြင်းဖြစ်သည်။

ယင်းအပြင် ထားဝယ်ဈေးကွက်တွင် အကယ်ဒမီ ပေါ်ဆန်းဆန် (အဟောင်း) အစိမ်းရောင် တံဆိပ်မှာ တစ်အိတ်ကို ၁၄၄,၅၀၀ကျပ်ဖြင့် ကျပ် ၅၀၀၀ ဈေးထပ် တက်သွား သည်။ ဆန်အဟောင်းပြတ်ပြီး ဆန်အသစ် စျေးကွက်ထဲ ဝင်လာချိန်တွင် စျေးတက်ခြင်းဖြစ်သည်။

ထားဝယ်ဈေးကွက်တွင် ယနေ့ အကယ်ဒမီပေါ်ဆန်း ဆန် (အသစ်) တစ်အိတ်လျှင် ၁၅၀,၅၀၀ကျပ် ဖြစ်သွားသည်။

မီးဖိုချောင်သုံးပစ္စည်းများဖြစ်သည့် ကြက်သွန်နီတစ်ပိဿာ ဈေးမှာလည်း ပြီးခဲ့သည့်အပတ်ကထက် တစ်ပိဿာ ၂၀၀ကျပ် ဈေးတက်လာပြီး ကြက်သွန်ဖြူ ထူး၅ တစ်ပိဿာဈေးမှာ ကျပ် ၅၀၀ဈေးတက်လာသည်။

ယင်းအပြင် မိုးထောင် ငရုတ်သီးတစ်ပိဿာလျှင် ယခင်အပတ်က ၁၁,၅၀၀ကျပ်မှ ယနေ့ ၁၂,၅၀၀ကျပ်ဖြစ်လာသည်။

တစ်ပတ်အတွင်း မိုးထောင် ငရုတ်ခြောက်တစ်ပိဿာ ကျပ် ၁၀၀၀ ဈေးတက်သွားခြင်း ဖြစ်သည်။