ကြက်သွန် ဈေးကျလာသည့် ထားဝယ်ဈေးကွက်

0
1061

ထားဝယ်တွင် တစ်ပိဿာ ၅၀၀၀ ကျပ် အထိ မြင့်တက်နေသည့် ကြက်သွန်နီဈေးမှာ ဇန်နဝါရီ ပထမပတ်ကစပြီး ဈေးကျလာသည်။

ဇန်နဝါရီ ပထမအပတ်တွင် ကြက်သွန်နီ တစ်ပိဿာ ၄၀၀၀ကျပ်၊ ဒုတိယပတ်တွင် ၃၄၀၀ကျပ် ၊ တတိယပတ်တွင် ၃၃၀၀ကျပ်နှင့် ယနေ့ ၂၈၀၀ကျပ်သာ စျေးရှိတော့သည်။

ကြက်သွန်နီဈေးမှာ တစ်လနီးပါးအကြာတွင် ထက်ဝက်ခန့်ဈေးကျလာခြင်းဖြစ်သည်။

ကြက်သွန်နီ နည်းတူ ကြက်သွန်ဖြူဈေးမှာလည်း အကျဘက်ရောက်နေသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်အပတ်က ကြက်သွန်ထူးလေး တစ်ပိဿာ ၁၇၅၀၀ကျပ်မှ ယနေ့ ၁၇၀၀၀ကျပ်၊ ထူးငါးတစ်ပိသာ ၁၈၀၀၀ကျပ်မှ ယနေ့ ၁၇၅၀၀ကျပ်သို့ ဈေးကျလာသည်။

တစ်ပတ်အတွင်း ကြက်သွန်ဖြူတစ်ပိဿ ၅၀၀ကျပ် ဈေးကျသွားခြင်းဖြစ်သည်။

ကြက်သွန်ဈေးကျသော်လည်း အားလူးမှာ ယခင်အပတ်ကထက် ဈေးနှုန်းအနည်းငယ်တက်လာသည်။

ယခင်အပတ်က အာလူးတစ်ပိဿာ ၃၁၀၀ကျပ်မှ ယနေ့ ၃၅၀၀ကျပ်ဖြစ်လာပြီး တစ်ပိဿာ ၄၀၀ကျပ်ဈေးထပ်တက်သွားသည်။

ယင်းအပြင် ယခင်အပတ်က တစ်ပိဿာ ၁၆၀၀၀ကျပ်ရှိသည့် ငရုတ်ပု ခြောက် တစ်ပိဿာဈေးမှာ ယနေ့ ၁၅၀၀၀ကျပ်သာရှိပြီး တစ်ပတ်အတွင် ၅၀၀ကျပ် ဈေးကျသွားသည်။