ဇန်နဝါရီလ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
749

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တနင်္သာရီတိုင်းသားတွေပါတဲ့ မွန်အခြေစိုက် တော်လှန်ရေးတပ်တွေက နှစ်သစ်ကူးလက်ဆောင်အဖြစ် စစ်ကောင်စီတပ်ရင်းတွေကို ဝင်ရောက်တိုက်ခိုက်တဲ့အကြောင်း
  • နှစ်သစ်ကိုကြိုဆိုတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုကို လောင်းလုံးမှာပြုလုပ်ခဲ့တဲ့ အခြေအနေ
  • သရက်ချောင်းက စစ်ကောင်စီတပ်စခန်းဂိတ်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်တဲ့အကြောင်း
  • ထားဝယ်မြို့ပေါ်မှာ တစ်ရက်အတွင်း ခွေးရူးအကိုက်ခံရသူ နှစ်ဆယ်နီးပါးရှိခဲ့တဲ့အကြောင်း
  • ထားဝယ်-မောင်းမကန်လမ်းမှာ သုံးဘီးနှစ်စီးတိုက်မိလို့ လူလေးဦးဒဏ်ရာရသွားတဲ့အခြေအနေ
  • ရော်ဘာကြိတ်စက်ထဲ ဆံပင်ညှပ်ပါသွားလို့ ဆိုးဆိုးရွားရွားဒဏ်ရာရသွားတဲ့ အမျိုးသမီးနှစ်ဦးအထိ ရှိလာတဲ့အကြောင်း အပါအဝင်
  • ရွှေနဲ့ ထိုင်းဘတ်ဈေး အတက်အကျအခြေအနေ

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။