ဒီဇင်ဘာလ ၂၂ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

0
813

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • တိုက်ပွဲဖြစ်လာမှာစိုးလို့ လောင်းလုံးမြို့နားရှိ ကျေးရွာတွေက ဒေသခံတွေ ပြောင်းရွှေ့နေကြတဲ့အကြောင်း
  • ကံပေါက်မှာ အလှပြင်ဆိုင်ဖွင့်ထားတဲ့ ညီအစ်မနှစ်ဦးကို မောရဝတီရေတပ်က ဖမ်းဆီးခဲ့တဲ့သတင်း
  • ရော်ဘာကြိတ်စက်ထဲ ဆံပင်ညှပ်သွားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ဒဏ်ရာရခဲ့တဲ့အခြေအနေ
  • ထားဝယ်မြို့က အောင်မင်္ဂလာရုပ်ရှင်ရုံ ပြန်ဖွင့်ဖို့ ပြင်ဆင်နေတဲ့အကြောင်း
  • ဗောဓိကုန်းဆရာတော်စျာပနကို နေရပ်မှာ မကျင်းနိုင်တဲ့အခြေအနေ
  • ကစယ်ဒိုမြို့နယ်အုပ်ချုပ်ရေး ကော်မတီဝင်ရဲ့နေအိမ်ကို ကော်သူးလေတပ်က မီးရှို့ခဲ့တဲ့သတင်း
  • သထုံမှာ လက်နက်ကြီးကျည်စထိမှန်လို့ ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံးသွားတဲ့အကြောင်းအပါအဝင်
  • နှစ်သစ်ကူးလက်ဆောင်အဖြစ် ထိုင်းအစိုးရက စက်သုံးဆီဈေးနဲ့ မီတာခ လျှော့ချပေးလိုက်တာ

စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။