ဆန်စျေးဆက်တက်ပြီး ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက်ဈေးကျသည့် ထားဝယ်ဈေးကွက်

0
1113

ထားဝယ်တွင် ယခုအပတ် ကြက်သွန်ဖြူနှင့် ငရုတ်သီးခြောက် ဈေးကျဆင်းလာသည်။

နိုဝင်ဘာလ ၁၇ ရက်နေ့က ထားဝယ်တွင် ကြက်သွန်ဖြူ ထူးလေး အမျိုးအစား တစ်ပိဿာ ၁၂၅၀၀ ကျပ်၊ ထူးငါးအမျိုးအစား တစ်ပိဿာ ၁၃၅၀၀ကျပ် စျေးရှိရာမှ ယနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထူးလေး တစ်ပိဿာ ၁၂၀၀၀ကျပ်၊ ထူးငါး တစ်ပိဿာ ၁၃၀၀၀ကျပ်သာ ရှိတော့သည်။

တစ်ပတ်အတွင်း ကြက်သွန်ဖြူ တစ်ပိဿာ ကျပ်ငါးရာဈေးကျလာခြင်းဖြစ်သည်။

ကြက်သွန်ဖြူနည်းတူ ငရုတ်သီးခြောက်ဈေးများမှာလည်း ကျဆင်းနေသည်။

ရွှေအပ် ငရုတ်သီးခြောက် (မိုးထောင်) တစ်ပိဿာဈေးမှာ ယခင်အပတ်က ၁၁၅၀၀ကျပ်မှ ယခုအပတ် ၁၁၀၀၀ကျပ်၊ ငရုတ်ပုခြောက်တစ်ပိဿာဈေးမှာ ၂၂၅၀၀ကျပ်မှ ၂၀၀၀၀ကျပ်သို့ ဈေးကျလာခြင်းဖြစ်သည်။

တစ်ပတ်အတွင် ငရုတ်သီးခြောက်တစ်ပိဿာ ကျပ် ၅၀၀မှ ကျပ် ၂၅၀၀အထိ ဈေး‌ကျလာခြင်းဖြစ်သည်။

ကြက်သွန်နှင့် ငရုတ်ဈေးများ ကျဆင်းနေသော်လည်း ဆန်ဈေးမှာ ဆက်လက်မြင့်တက်နေသည်။

အကယ်ဒမီဆန်ကြမ်း ရက်ကိုးဆယ် တစ်အိတ်ကို နိုဝင်ဘာလ ၁၁ ရက်နေ့က ၉၂၀၀၀ကျပ်မှ ယနေ့ ၉၅၀၀၀ကျပ်၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်လျှင် ၁၈၁၀၀၀ကျပ်မှ ယနေ့ ၁၈၉၅၀၀ ကျပ်သို့ ဈေးတက်သွားသည်။

ဆန်တစ်အိတ်လျှင် အမျိုးအစားအလိုက် ၃၀၀၀ ကျပ်မှ ကျပ် ၁၀၀၀၀နီးပါးအထိ ဈေးတက်သွားခြင်းဖြစ်သည်။