အဖမ်းခံထားရသည့် ကံပေါက်က အမျိုးသမီး ၂ ဦးပြန်လွတ်လာ

0
1523
ပုံစာ - ကံပေါက်ကျောက်တိုင်လမ်းဆုံ

ရေဖြူမြို့နယ် ၊ ကံပေါက်ကျေးရွာတွင် ဇူလိုင် ၁၆ ရက်က အဖမ်းခံလိုက်ရသည့် အမျိုးသမီးနှစ်ဦး ပြန်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။

မအေးမြတ်သူနှင့် မသဇင်လွင်တို့ ဇူလိုင်လ ၂၄ ရက်က ပြန်လွတ်လာခြင်းဖြစ်‌သည်။

၎င်းညီအမနှစ်ဦးသည် ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက် လျှပ်စစ်ပစ္စည်းဆိုင် တစ်ခုတွင် အဖမ်းခံရပြီး မောရဝတီရေတပ်တွင် ၉ ရက်အကြာ စစ်ဆေးခံရပြီးနောက် ပြန်လွတ်လာခြင်းဖြစ်သည်။

ဇူလိုင်လ ၁၅ ရက် ၊ ကံပေါက်သစ်တောရုံးအနီး မိုင်းတွေ့ခဲ့ပြီးနောက် ဇူလိုင်လ ၁၅ ရက်နှင့် ၁၆ ရက် နှစ်ရက်ဆက်တိုက် ဒေသခံ ၉ ဦးအဖမ်းခံခဲ့ရပြီး အားလုံးပြန်လွတ်လာကြပြီဖြစ်သည်။

“နှစ်ရက်ဆက်တိုက် အဖမ်းခံရသူတွေ အားလုံးပြန်လွတ်လာကြပြီ “ ဟု ကံပေါက်ဒေသခံတစ်ဦး ကပြောသည်။

သို့သော် ဇူလိုင်လ ၂၃ရက်နှင့် ၂၄ ရက်နေ့တို့က ကံပေါက်ဒေသတွင် အဖမ်းခံခဲ့ရသည့် ကားသမားနှစ်ဦးနှင့် ခြံအလုပ်သမားတို့မှာမူ ပြန်မလွတ်လာသေးကြောင်း ဒေသခံတို့က ပြောဆိုကြသည်။