ပုလောပြည်သူ့ကာကွယ်ရေးတပ်က အာဇာနည်နေ့ အခမ်းအနားကျင်းပ

0
2076
Photo-ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်အမှတ် ၁ တပ်ရင်း။

ပုလောမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊တပ်ရင်း ၁ မှ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့် နွေဦးတော်လှန်ရေးတွင် အသက်ပေးလှူ ကျဆုံးခဲ့ရသည့် အမှတ် ၁ တပ်ရင်းမှ ရဲဘော် ၁၅ ဦးတို့ကိုလည်း လွမ်းသူပန်းခွေချခြင်း အလေးပြုခြင်းတို့ ပြုလုပ်ခဲ့သည်။

တစ်ဆက်တည်း လက္ကူးကျေးရွာမှ ဖမ်းဆီးရမိသည့် စိတ်ကြွဆေး ခြောက်သောင်းကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။