သဗျာရွာက ကျောင်းဆရာမ မိသားစုဝင်သုံးဦး ရိုက်နှက်ခံရ

0
2739

လောင်းလုံးမြို့နယ်၊ သဗျာရွာတွင် ကျောင်းဆရာမ အပါအဝင် မိသားစုဝင် သုံးဦးရိုက်နှက်ခံရကြောင်း ဒေသခံများက ပြောသည်။

ရိုက်နှက်ခံရသည့် မူလတန်းပြကျောင်းဆရာမမှာ သဗျာရွာသူ ဒေါ်စန်းစန်းလဲ့ဖြစ်ပြီး ၎င်းအပါအဝင် ခင်ပွန်းနှင့် မိသားစုဝင်တစ်ဦးတို့ နေအိမ်တွင်ရှိနေစဉ် ဇူလိုင်လ ၉ ရက် မွန်းလွဲပိုင်းက လူတစ်စုလာရောက် ရိုက်နှက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

အဆိုပါဆရာမသည် သဗျာရွာတွင် တာဝန်ကျပြီး လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

အဆိုပါမိသားစုဝင်သုံးဦးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ရိုက်နှက်သွားသည်ကို သေသေချာချာ မသိရသေးပေ။

ကာယကံရှင် ကျောင်းဆရာမ ဒေါ်စန်းစန်းလဲ့ကို Dawei Watch ဆက်သွယ်ရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ် မရသေးပေ။

ပြီးခဲ့သည့်လပိုင်းအတွင်းကလည်း လောင်းလုံးမြို့နယ်ရှိ မြို့ဟောင်းကျေးရွာအပါဝင် ကျေးရွာအချို့တွင်နေထိုင်သည့် လက်ရှိတာဝန်ထမ်းဆောင်နေဆဲ ဝန်ထမ်းအချို့ ရိုက်နှက်ခံရမှု ဖြစ်ပွားခဲ့ဖူးသည်။