ကန်ချနဘူရီ ကား ၃ ဆင့်တိုက်မှုတွင် မြန်မာနိုင်ငံသား ၁ ဦးသေဆုံး

0
1988

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် ကားသုံးစီးဆင့်တိုက်မှုဇွန်လ ၂၁ ရက်နေ့ ညပိုင်းတွင် ဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံသားတစ်ဦး သေဆုံးခဲ့ကြောင်း ကန်ချနဘူရီခရိုင်ရှိ ကယ်ဆယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ည ၉ နာရီအချိန်ခန့်တွင် တိုယိုတာကား ၂ စီးနှင့် ဟွန်ဒါကားတစ်စီးသည် ကန်ချနဘူရီခရိုင် ထာ့မကားဒေသရှိ လမ်းဆုံတစ်နေရာတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာသောအခါ ယာဉ်တိုက်မှုကြောင့် ထိုင်းနိုင်ငံသား နှစ်ဦးနှင့် မြန်မာနိုင်ငံသားတစ်ဦး ဒဏ်ရာရရှိနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။

၎င်းတို့အနက် မြန်မာနိုင်ငံသားသည် ဒဏ်ရာရရှိမှု ပြင်းထန်ခဲ့သဖြင့် သေဆုံးသွားခဲ့သည်။

သေဆုံးသူ၏ အထောက်အထားကို စစ်ဆေးမှုအရ အသက် ၄၅ နှစ်အရွယ် ကိုဖိုးသားအမည်ရှိသော မြန်မာနိုင်ငံသားဖြစ်ကြောင်း ဖော်ပြထားသည်။

ကျန်ဒဏ်ရာရရှိသူနှစ်ဦးကို ကယ်ဆယ်ရေးအဖွဲ့များမှ အရေးပေါ်ကုသပေးခဲ့ပြီးနောက် မကားရက်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

ယာဉ်တိုက်မှုကို အသေးစိတ်သိရှိနိုင်ရန်အတွက် ထာ့မကားရဲစခန်းက ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း‌ ဖော်ပြထားသည်။

Ref: มูลนิธิขุนรัตนาวุธ