ဆန်ဈေးအနည်းငယ်တက်သည့် မြိတ်ကုန်စည်ဈေးကွက်

0
2056

မြိတ်မြို့ရှိ ကုန်စည်ဈေးကွက်တွင် ဆန်ဈေးနှုန်းများ အနည်းငယ် မြင့်တက်လာသည်။

ဆန်အသစ် တစ်အိတ်လျှင် ယခင်အပတ်ဈေးနှုန်းထက် အနည်းဆုံး ၁၀၀၀ ကျပ်မှ ၃၀၀၀ ကျပ် အထိ မြင့်တက်လာသည်။

ထို့အပြင် စားအုန်းဆီဈေးကွက်တွင် ၁၀ ပိဿာဆံ့ စားအုန်းဆီ ပုံးဝါ တစ်ပုံးလျှင် ယခင်အပတ်က ၆၆၀၀၀ ကျပ် ဈေးရှိရာမှ ၂၀၀၀ ကျပ် ကျဆင်းသဖြင့် ယခုအပတ်တွင် ၆၄၀၀၀ ကျပ်နှုန်းဖြစ်လာသည်။

သားငါးဈေးကွက်တွင် ကြက်၊ ဝက် ဈေးနှုန်းတို့ ပြောင်းလဲမှုမရှိခဲ့သော်လည်း အမဲသားတစ်ပိဿာလျှင် ယခင်အပတ်က ၁၈၀၀၀ ကျပ်မှ ယခုအပတ်တွင် လေးထောင်ကျပ် ဈေးတက်ကာ ၂၂၀၀၀ ကျပ် ဖြစ်လာသည်။

လောင်စာဆီဈေးကွက်တွင် အသုံးပြုများသည့် ၉၂ အောက်တိန်း ဓာတ်ဆီတစ်လီတာလျှင် ယခင်အပတ်က ၂၃၀၀ ကျပ်ဈေးရှိရာမှ ၅၀ ကျပ် ကျဆင်းသဖြင့် ယခုအပတ်တွင် ၂၂၅၀ ကျပ်နှုန်းဖြင့် ရောင်းချနေကြသည်။