ထားဝယ်-ရန်ကုန်ကားလမ်းပေါ်တွင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရ

0
1359

ထားဝယ်-ရန်ကုန် ကားလမ်း မိုင် ၃၀ အနီးတွင် မေလ ၃၁ ရက် ညနေ ၅ နာရီခန့်က စစ်ကောင်စီယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု TPLF- ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ ထံမှသိရသည်။

ကလိန်အောင်ဘက်မှ ရေဖြူမြို့နယ်ဘက်သို့ ကားငါးစီးဖြင့် ဆင်းလာသည့် စစ်ကောင်စီယာဉ်တန်းကို TPLFနှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အဖွဲ့တွေက လမ်းကနေစောင့်ပြီးပစ်တာ၊ ထိခိုက်မှုကတော့ များတယ်။ ဟိုက်ဂျက်သုံးစီးနဲ့ အရေးပေါ်ကားနှစ်စီးနဲ့ လာတင်ဆောင်သွားတယ်” ဟု မြင်တွေ့ခဲ့ရသူတစ်ဦးကဆိုသည်။

ယင်းတိုက်ခိုက်မှုတွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် PDF တပ်ဖွဲ့က ပြန်ဆုတ်ခွာခဲ့သည်ဟု ၎င်းက ပြောသည်။

အဆိုပါယာဉ်တန်းမှာ ရှေ့တန်းမှပြန်လာသည့် ရေဖြူမြို့နယ်အခြေစိုက် ခမရ ၄၀၇ တပ်ရင်းက ယာဉ်တန်းဖြစ်သည်ဟု ဆိုသည်။