မင်းရပ်ကူးတို့ရှိ စစ်ကောင်စီဂိတ်တွင် စစ်သားများမရှိတော့ဟုဆို

0
453

ထားဝယ်မြို့၊ကြက်စားပြင်ရပ်ကွက်ရှိ မင်းရပ်ကူးတို့စစ်ဆေးရေး ဂိတ်စခန်းတွင် စစ်ကောင်စီတပ်သားများ မရှိတော့ဟု ထားဝယ်မြို့ခံ အချို့ထံမှသိရသည်။

လွန်ခဲ့သည့် သုံးရက်ခန့်မှစပြီး ယာယီကင်းတဲများ ဖျက်သိမ်းထားသည်ကို‌ တွေ့ရပြီး စစ်ကောင်စီတပ်သားများလာရောက် နေထိုင်သည်ကို မတွေ့ရတော့ကြောင်း ထားဝယ်မြို့ခံတစ်ဦးကပြောသည်။

” လမ်းမပေါ်မှာ ဘယ်ရီဂိတ် တွေမရှိတော့ဘူး ၊သဲအိတ်တွေပဲရှိတော့တယ်။ စစ်‌ကောင်စီတပ်သားတွေ မတွေ့ရ တော့တာ  သုံးလေးရက်ရှိနေပြီ”ဟု အထက်ပါမြို့ခံကပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်သည် အာဏသိမ်းပြီးမှ ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ ကြက်စားပြင်ရပ်ကွက် အုပ်ချုပ်ရေးမှုးရုံးအနီး ထားဝယ်မြစ် ကမ်းနဘေး ၊မင်းရပ်ကူးတို့ ဆိပ်ကမ်းတွင် ရှိသည်။

ယင်းဂိတ်မှာ ဒေသခံပြည်သူများ၏ ရေကြောင်းသွားလာမှုကို စောင့်ကြည့်ခြင်းအပြင် စစ်ကောင်စီတပ်က ရေကြောင်းအသုံးပြု စစ်ရေးလှုပ်ရှားမှုများတွင် ဆိပ်ခံတံတားအဖြစ် အသုံးပြုလေ့ရှိသည်။

အာဏာသိမ်းပြီးနောက် ခုခံတော်လှန်မှုများ စတင်လာချိန်တွင် ခရီးသွားပြည်သူများကို စစ်ဆေးခြင်းမျိုးရှိသော်လည်း နောက်ပိုင်း စစ်ဆေးသည်ကိုမတွေရတော့ဟု ထားဝယ်မြို့ခံများ၏ ပြောကြားချက်အရသိရသည်။