သရက်နှစ်ခွရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ

0
2093

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာတွင် ယနေ့ နံနက် ၆ နာရီကျော်က အမျိုးသားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပစ်သတ်ခံရသူမှာ အသက် ၆၉ နှစ်ခန့်အရွယ် ဦးထွန်းစိန်ဖြစ်ပြီး ပန်းပြင်ရွာသူနှင့် အိမ်ထောင်ကျကာ ပန်းပြင်ရွာတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

သရက်နှစ်ခွရွာရှိ မိဘညီအစ်ကိုမောင်နှမများ နေအိမ်တွင် သစ်ပင်ရေလောင်းရန်လာစဉ် နေအိမ်အနီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။

ဦးထွန်းစိန်သည် နှစ်လုံး၊ သုံးလုံးချဲထီရောင်းနေသူဖြစ်ပြီး ဇနီးဖြစ်သူမှာ ကွမ်းသီးခြောက်ဝယ်ရောင်း လုပ်နေသူဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။