ပုလောကုန်းရွာတွင် PDF နှင့် ပျူစောထီးတို့ အပြန်အလှန်ပစ်ခတ်

0
386

မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ ပုလောကုန်းကျေးရွာတွင် ပုလော PDF တပ်နှင့် ပျူစောထီးအဖွဲ့တို့ ယနေ့ (မတ် ၂၃) နာရီဝက်ခန့်ကြာ အပြန်အလှန်ပစ်ခတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၉ နာရီခန့်ကစပြီး ပုလောကုန်းကျေးရွာက ပျူစောထီးများနှင့် ပုလော PDF တပ်တို့အကြား အပြန်အလှန် ပစ်ခတ်ကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အထိအခိုက်ရှိတယ်လို့တော့ လောလောဆယ် မကြားရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာတွင် မတ်လ ၁၆ ရက်နေ့ကလည်း ပျူစောထီးအဖွဲ့အပါအဝင် စစ်ကောင်စီတပ်နှင့် ပုလော PRDF၊ PPDF၊ KNLA ပူးပေါင်းအဖွဲ့တို့အကြား ၃ နာရီအကြာ တိုက်ပွဲပြင်းထန်ခဲ့သေးသည်။

ပုလောကုန်းကျေးရွာတွင် ရွာသားအများစုက မြိတ်မြို့၊ ပုလောမြို့များနှင့် နီးစပ်ရာ ဆွေမျိုးများရှိသည့် ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်နေကြပြီး နေအိမ်များကို စောင့်ရှောက်နေထိုင်သူ အနည်းငယ်သာကျန်ကြောင်း ဒေသခံများက ဆိုသည်။