ကံပေါက် မိကျောင်းအိုင်ရွာသားတစ်ဦး အသတ်ခံရ

0
433

ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသ မိကျောင်းအိုင်ရွာသားတစ်ဦး မတ်လ ၃ ရက်က အသတ်ခံခဲ့ရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သေဆုံးသူမှာ အသက် ၆၀ ကျော်အရွယ် ဦးလှသန်းဆိုသူဖြစ်ပြီး ကံပေါက်ကျေးရွာအုပ်စု ဖက်တောင်ရွာ ဥယျာဉ်ခြံသွားလမ်းတ‌စ်နေရာတွင် ဝမ်းဗိုက် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည်ကို ရွာသားတစ်ဦးက မြင်တွေ့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးလှသန်းအား စစ်ကောင်စီသတင်းပေးဟုဆိုကာ ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်ထားသည်။

ဦးလှသန်းသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးဖြစ်ပြီး ယခင် စစ်အစိုးရ ခေတ်ကလည်း ကျေးရွာကောင်စီဝင်ဟောင်းတစ်ဦးဖြစ်ကြောင်း ဒေသခံအချို့က ပြောကြားသည်။