သောကြာပြင်မှ အဖမ်းဆီးခံ ကိုချစ်သိန်းအား ကိုဗစ် စင်တာပို့

0
140

ထားဝယ်ခရိုင်၊‌ လောင်းလုံးမြို့နယ် သော့ကြာပြင်ကျေးရွာတွင် မေလ ၂၉ ရက်နေ့ ‌နံနက်ပိုင်းက ဖမ်းဆီးခံလိုက်ရသော ကိုချစ်သိန်း အား တရားမစွဲမီ ကိုဗစ် စင်တာသို့ ပို့ဆောင်ထားကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးထံမှ သိရသည်။

ကိုချစ်သိန်းအား မောင်းမကန်နယ်မြေရဲတပ်ဖွဲ့စခန်းမှ မေးမြန်းစရာ ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅ ဖြင့် တရားစွဲမည်ဟု သိထားကြောင်း ၎င်းကဆိုသည်။

ခေတ္တခေါ်ယူပြီး ပြန်လွှတ်ပေးမည်ဟုဆိုသော်လည်း ဇွန်လ ၃ ရက်နေ့အထိ ပြန်လွှတ်ပေးခြင်း မရှိကြောင်း သူက ဆိုသည်။

“ကျွန်မအနေနဲ့ မထင်ထားဘူး အရမ်းခံစားရတယ်”ဟု ဆွေမျိုးတော်စပ်သူအမျိုးသမီး ကဆိုသည်။

ကိုချစ်သိန်းသည် ကျေးရွာအတွင်း ပရဟိတလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ကူညီတတ်သူတစ်ဦးဖြစ်ပြီး သမီးသုံးဦးရှိသည်။