စာသင်ကျောင်းများကို ကွာရန်တင်းစခန်းအဖြစ် ပြန်သုံးမည်

0
435

တိုင်းအတွင်းရှိ အခြေခံကျောင်းများကို လိုအပ်ချက်ရှိလာပါက ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ရောက်လာသူများကို အသွားအလာ ကန့်သတ်စောင့်ကြည့်မည့် လူထုအခြေပြုစောင့်ကြည့်ရေး စခန်းများအဖြင့် ပြန်အသုံးပြုမည်ဖြစ်ကြောင်း တိုင်းကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီက စီစဉ်ထားသည်။

တိုင်းပညာရေးမှူးရုံးမှလည်း အဆိုပါ ကော်မတီ၏ အကြောင်းကြားချက်ကို သက်ဆိုင်ရာ ကျောင်းအုပ်ဆရာများထံ စာဖြင့်ရောနှုတ်ဖြင့်ပါ စက်တင်ဘာလ ၃ ရက်က အကြောင်းကြားထားပြီး ဖြစ်သည်။

တစ်ညအတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ လေးဆယ်ကျော် အရေးယူ

“လက်ရှိကျူ စခန်းတွေ မလောက်ဘူးဆိုရင် အ.ထ.က ကျောင်းတွေ ပြန်သုံး သွားမှာပါခင်ဗျား” ဟု တိုင်းကိုဗစ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

စောင့်ကြည့်ရေးစခန်းအဖြစ် အသုံးပြုခဲ့သော စာသင်ကျောင်းများရှိ ပစ္စည်းများ ပျက်စီးမှုအခြေအနေကို သက်ဆိုင်ရာ ကျောင်းအုပ်များနှင့် စောင့်ကြည့်ရေး စခန်းတာဝန်ရှိသူတို့က အဆင့်ဆင့်သော ကိုဗစ်ကော်မတီနှင့် ပညာရေးမှူးတို့ ထံတင်ပြရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူး ဦးသန်းဇော်က ပြောသည်။

ကျောင်းအုပ်ဆရာ/ဆရာမများက တင်ပြလာသည့် ပျက်စီးမှုအခြေအနေကို တိုင်းပညာရေးမှူးရုံးမှ တိုင်းကိုဗစ် ကော်မတီကို တင်ပြပြီး ပြန်ပြင်မည့်ကိစ္စကို ညှိနှိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ဦးသန်းဇော်ဦးက ပြောသည်။

“အခုချိန်အထိတော့ ကျောင်းတွေမှာ (စောင့်ကြည့်ရေးစခန်း) လူတွေရှိနေပြီ ဆိုတာကို အကြောင်းကြားလာတာ မရှိသေးဘူး” ဟု ၎င်းက စက်တင်ဘာလ ၃ ရက်က ပြောသည်။

COVID-19 ကာလ အလုပ်သွားအလုပ်ပြန်သင့်ခရီးစဉ်တစ်လျှောက်ရောဂါမှ ကာကွယ်နိုင်ရန် လိုက်နာရမည့် အချက်များ

လက်ရှိတွင် ထားဝယ်ခရိုင်ရှိ ကျေးရွာအချို့သည် ဘာသာရေးအဆောင်အအုံများကို စောင့်ကြည့်ရေးစခန်းအဖြစ် အသုံးပြုနေကြသည်။ ယင်းစခန်းများရှိ အသွားအလာကန့်သတ်ထားသူများမှာ ကိုယ့်စရိတ်ဖြင့်ကိုယ် အသွားအလာ ကန့်သတ်ခံနေရခြင်းဖြစ်သည်။ တိုင်းအစိုးရ၏ စက်တင်ဘာလ ၄ ရက် ထုတ်ပြန်ချက်အရ တိုင်းအတွင်း လူထု အခြေပြုစောင့်ကြည့်ရေးစခန်း ၃၈၁ ခုတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ တစ်ထောင်ကျော် (၁၁၄၂ ဦး) ရှိသည်။

ကျော်သူစိုး