ကိုဗစ်အထောက်အကူပြုအဖွဲ့က နှာခေါင်းစည်း လိုသလောက်ရောင်းပေးနေ

0
311

ကိုဗစ် ထိန်းချုပ်ကာကွယ်ရေး ထားဝယ်ဒေသ လူထုအခြေပြုအထောက် အကူပြုအဖွဲ့က နှာခေါင်းစည်းများကို လိုသလောက် ရောင်းချပေးနေကြောင်း အထက်ပါအဖွဲ့ အတွင်းရေးမှူးက ပြောသည်။

အထောက်အကူပြုအဖွဲ့အနေဖြင့် သြဂုတ်လ ၂၉ ရက်နေ့မှစတင်ကာ ရောင်းချပေးနေခြင်းဖြစ်ပြီး ဝယ်ရသည့်ဈေးနှုန်းအပေါ် မူတည်ကာ ဈေးနှုန်းအပြောင်းအလဲ အနည်းငယ်ရှိကြောင်း အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ဆိုသည်။

စာသင်ကျောင်းများကို ကွာရန်တင်းစခန်းအဖြစ် ပြန်သုံးမည်

လက်ရှိတွင် သုံးလွှာပါသည့် နှာခေါင်းစည်း အခုငါးဆယ်ပါ တစ်ဘူးလျှင် ၂၀ဝ၀ ကျပ်ဖြင့် ရောင်းချနေကြောင်း ၎င်းက ပြောသည်။

ဒေသအတွင်းတွင် နှာခေါင်းစည်း နည်းပါးလာမှုအပေါ် အကြောင်းပြပြီး ဈေးနှုန်းကြီးမြင့်နေသည့်အတွက် ကော်မတီအနေဖြင့် ရောင်းချပေးခြင်းဖြစ်ကြောင်း ဦးကျော်ကျော်ဦးက ဆိုသည်။

“ရှိသင့်တဲ့ဈေးအတိုင်းရောင်းပေးတယ်။ လိုအပ်တဲ့ (အချိန်) အတိုင်းအတာလောက်အထိ ရောင်းပေးမယ်” ဟု ၎င်းက ပြောသည်။

နှာခေါင်းစည်းဝယ်မည်ဆိုပါက ပုလဲဆေးခန်းရှေ့တွင် ဖွင့်ထားသည့် အဖွဲ့ရုံးခန်းတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။

တစ်ညအတွင်း ညမထွက်ရ အမိန့်ဖောက်ဖျက်သူ လေးဆယ်ကျော် အရေးယူ

ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုများနေသည့် အခြေအနေတွင် ထားဝယ်ဒေသ၌ အခုရေ ငါးဆယ်ပါ နှာခေါင်းစည်း တစ်ဘူးလျှင် ၆၅၀ဝ ကျပ်အထိ ရောင်းချနေသည်။

ရှိသင့်သည့်ဈေးထက် ပိုရောင်းချနေသည့် ဆိုင်များကို သက်ဆိုင်ရာဌာနများကလည်း ရှောင်တခင်စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ဈေးတင်ရောင်းသည့် ဆိုင်ကို အရေးယူနိုင်ခြင်းမရှိ သေးပေ။

ကိုဇော်