အသက်ရှစ်နှစ်အရွယ် မိန်းကလေးအား မုဒိမ်းကျင့်ရန် ကြိုးပမ်းမှုဖြင့် အမှုဖွင့်

0
615

ရေဖြူမြို့နယ်တွင် အသက်ရှစ်နှစ်အရွယ် မိန်းကလေးငယ်ကို အသက် ၂၄ နှစ်အမျိုးသားက မုဒိမ်းကျင့်ရန်ကြိုး ပမ်းခဲ့မှုနှင့်ပတ်သက်၍ အမှုဖွင့်တိုင်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရချက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ထားဝယ်တက္ကသိုလ် ကွာရန်တင်းအခန်းများ ပျက်စီးပြီး ကျန်ရစ်

နတ်ကြီးစင်ကျေးရွာနေ မိန်းကလေးငယ်ကို နေအိမ်နှင့်မျက်နှာချင်းဆိုင်တွင် နေထိုင်သည့် အဆိုပါအမျိုးသားက ကြံဝယ်ကျွေး မည်ဟုဆိုကာ သြဂုတ်လ ၂၂ ရက်ည ၇ နာရီခွဲခန့်က မိဘထံမှ ခေါ်ဆောင်သွားခဲ့သည်။ ထိုနောက် ည ၁၀ နာရီခန့်တွင် မိန်းကလေးငယ်တစ်ဦးတည်း နေအိမ်သို့ ပြန်လာပြီး ငိုနေသည်ကို မိဘများက တွေ့ရှိသဖြင့် မေးမြန်းရာ အထက်ပါ အမျိုးသားသည် ၎င်း၏နေအိမ်အောက်တွင် မုဒိမ်းကျင့်ရန်လုပ် ဆောင်ခဲ့သည် မိန်းကလေးငယ်က ပြန်ပြောပြခဲ့သည်။

မုဒိမ်းကျင့်ရန် ကြိုးပမ်းချိန်တွင် မိန်းကလေးငယ်က အော်ငိုသဖြင့် ပြန်လွှတ်လိုက်ခြင်းဖြစ်သည်ဟုလည်း သိရသည်။

ကိုဗစ်ထောက်ပံ့ကြေးကိစ္စ အတိုင်ခံရသည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦးအမှု ခရိုင်ဆုံးဖြတ်ချက် စောင့်ဆိုင်း

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မိန်းကလေးငယ်၏ မိဘက သြဂုတ်လ ၂၅ ရက်နေ့တွင် ကံပေါက်နယ်မြေရဲ စခန်းသို့ လာရောက်တိုင်ကြားခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါ အမျိုးသားကိုမူ ဖမ်းမမိ သေးသော်လည်း သက်ဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မဖြင့် ကံပေါက်နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။