ထားဝယ်တွင် လမ်းဘေးဆိုင်များ ထပ်ဖွင့်ခွင့်မပြုတော့ဟုဆို

0
537

စည်းကမ်းထိန်းသိမ်းရေး အခက်အခဲရှိသဖြင့် ထားဝယ်မြို့ပေါ်ရှိ လမ်းဘေး ဈေးဆိုင်များကို မြေငှာရမ်းကာ ဈေးဆိုင် ဖွင့်လှစ်ခွင့်ပြုခြင်းကို ထပ်တိုးခွင့်ပြုတော့မည်မဟုတ်တော့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

လမ်းဘေးဈေးဆိုင်များသည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် စည်ပင်သာယာရေး အဖွဲ့ထံတွင် လမ်းမြေအသုံပြုခနှင့် ဈေးကောက်တို့ကို ပေးဆောင်ပြီး ရောင်းချ နေရခြင်းဖြစ်သည်။

အဝတ် ပါးစပ်နှင့် နှာခေါင်းစည်း ဘယ်လိုချုပ်မှာလဲ

ယင်းကဲ့သို့ စည်ပင်ခွင့်ပြုချက်ဖြင့် ဈေးရောင်းရောင်းချနေသည့် ထားဝယ်မြို့၊ ပိန္နဲတောရပ်ကွက်၊ ရာမသူဝ ဘုန်ကြီးကျောင်းအရှေ့ ညောင်ပင်အောက်မှ မြေနေရာကိစ္စတစ်ခုမှာ မြို့နယ်အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာနထံ တိုင်ကြားသည်အထိ ပြဿနာ ဖြစ်ပွားခဲ့သည်။

ယင်းမြေနေရာတွင် ယခင်ဈေးရောင်း ခွင့်ရထားသူသည် မိသားစု ကျန်းမာရေး အခြေအနေရ ဈေးရောင်းခြင်းကို ယာယီ ရပ်နာထားစဉ် ၎င်းအား အသိမပေးဘဲ ထားဝယ်စည်ပင်သည် ထားဝယ်-ရှင်မော်ပြေးဆွဲနေသည့် ကားငယ်အသင်း တစ်သင်းကို မြေငှားရမ်းခွင့် ပြုလိုက်သည်။

ယင်းကိစ္စအား စစ်ဆေးရန် ထွေအုပ်ဌာနမှ စည်ပင်အဖွဲသို့ပင် အကြောင်းကြားခဲ့သည်။ စည်ပင်က သြဂုတ်လ ၂၈ ရက်က စစ်ဆေးပြီးနောက် အခြားလမ်းဘေးဈေးဆိုင်များကိုလည်း မြေငှားရမ်းခွင့်ပြုတော့မည်မဟုတ်ကြောင်း စည်ပင်ကော်မတီက ဆုံးဖြတ်ခဲ့သည်။

ကိုဗစ်ကာလ ကျောင်းပိတ်ထားသော်လည်း ဆရာ၊ ဆရာမများ ရွေးကောက်ပွဲကိစ္စ ကူရမည်

“ဆိုင်တွေဆိုတာက ကွမ်းယာဆိုင်တို့ စသည်အားဖြင့်ပေါ့။ ထပ်ပြီးတော့ တိုးလာမှာစိုးလို့ပါ။ ဆိုင်တွေအများကြီး ထပ်တိုးလာရင် စည်းကမ်းလိုက်ထိန်းရတာ ခက်တယ်လေ။ အဲလိုအခက်အခဲ တွေရှိလို့ ထပ်မချပေးတော့တဲ့သဘော ပါ” ဟု ထားဝယ်မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးသစ်ထွန်းစံက ပြောသည်။

မူလရှိပြီးသား ဆိုင်များမှာမူ ယခင်အတိုင်း နေမြဲဖြစ်သည်။

လမ်းဘေးဈေးရောင်းချသူအချို့၏ ပြောဆိုချက်အရ မြေငှားရမ်းခမှာလည်း အချို့ဆိုင်များကလစဉ်ပေးနေရပြီး အချို့ ဆိုင်များကလည်း မပေးရဘဲ မညီမမျှ ဖြစ်နေကြောင်း သိရသည်။

ကျော်သူစိုး