ရုံးခန်းမရှိက ကုမ္ပဏီများ ဒဏ်ငွေလေးသိန်း

0
791

ရုံးခန်းဖွင့်လှစ်ထားခြင်းမရှိသည့် ကုမ္ပဏီများကို စစ်ဆေးအရေးယူတော့ မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန(DICA)ထံမှ သိရသည်။

ကုမ္ပဏီမှတ်ပုံတင်ထားပြီး အမှန်တကယ် ရုံးခန်းရှိ/မရှိ၊ ဒါရိုက်တာ တစ်ဦးချင်း အစုရှယ်ယာသတ်မှတ်ချက် ပြည့်မိ၊ မမီ၊ အမှန်တကယ်လုပ်ငန်းလုပ်ဆောင်ခြင်း ရှိ/မရှိ အစရှိသည့်အချက်များကို စစ်ဆေးမည်ဖြစ်ကြောင်း DICA ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

ရွှေအရောင်းအဝယ် ကျနေဆဲ

“MIC (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်) ပါမစ်မလုပ်ဘဲနဲ့ တင်ဒါ ဆွဲနေတဲ့ကုမ္ပဏီတွေကိုလည်း စစ်မယ်” ဟု ဒေါက်တာထွန်းထွန်းက ဆိုသည်။

ယင်းကဲ့သို့ စစ်ဆေးခြင်းကို စက်တင်ဘာလ အစောပိုင်းတွင် စတင် မည်ဖြစ်သည်ဟု ဆိုသည်။

၂၀၁၇ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေအရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ များအနေနှင့် ရုံးခန်းမရှိက ဒဏ်ကြေး အဖြစ် ငွေကျပ်လေးသိန်း ပေးဆောင်ရမည် ဖြစ်သည်။ဥပဒေပါအခြားသတ်မှတ်ချက်များကို ဖောက်ဖျက်ပါက တစ်ခုချင်းအလိုက် ငွေဒဏ်များလည်း သတ်မှတ်ထားသည်။

ကုမ္ပဏီအချို့က မှတ်ပုံတင်ပြီး နောက်ပိုင်း လုပ်ငန်းအဆင်မပြေသည့်အတွက် ရပ်နားထားရသည့် ဖြစ်စဉ်များလည်းရှိသည်။

“တချို့ကျတော့ ကုမ္ပဏီထောင်ပြီး ဒီအတိုင်း ငုတ်တုတ်ထိုင်နေတာ” ဟု ဒေါက်တာ ထွန်းထွန်းက ပြောသည်။

“ကုမ္ပဏီထောင်ပြီးတော့ လုပ်ငန်းလည်း လုပ်ရမယ်” ဟု ၎င်းက ဆိုသည်။

တနင်္သာရီတိုင်းအတွင်း ကုမ္ပဏီစုစုပေါင်း သုံးထောင်ခြောက်ရာကျော်ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနထံ မှ သိရသည်။