၁၀ ရက်တွင် ကိုးရက်ခန့် မိုးရွာမည်၊ သို့သော် နည်းမည်

0
573

တနင်္သာရီတိုင်းတွင် သြဂုတ်လ ၁၁ ရက်မှ ၂၀ ရက်နေ့အထိ ဆယ်ရက်အတွင်း မိုးရွာရက် ကိုးရက်ခန့်ရှိမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။

ယခု သြဂုတ်လ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ လေးရက် ရွာသွန်းခဲ့ပြီးဖြစ်သည်။

ကိုဗစ်ကာလ ကျောင်းသားမိဘများသို့ ပန်ကြားချက်

သို့သော် မိုးရွာသွန်းမှုမှာ ပုံမှန်ထက် နည်းပါးမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက တိုင်းဦးစီးမှူး ဦးကျော်မိုးခိုင်က ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုန်အားကောင်းနေပြီး ပင်လယ်ပြင်မှ ရေငွေ့ကို သယ်ဆောင်လာသည့် လေကို ပြန်လည်တွန်းကန်ထားသည့် လေထုဖိ အားမရှိသဖြင့် လေစီးကြောင်းမှာ မြန်မာပြည်အထက်ပိုင်း ဒေသများသို့ လျောလျောလျူလျူ စီးဆင်းသွားရာ ယင်းအတွက်ကြောင့် တနင်္သာရီတိုင်းတွင် မိုးရွာရက်များ သော်လည်း မိုးရေချိန်ရရှိမှုမှာ ရွာသွန်း မြဲအောက်လျော့နည်းခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

သုံးဘီးဆိုင်ကယ်များ လူမတင်ရန် ကန့်သတ်ထားမှု အချို့ကို ပြန်လည် ဖြေလျှော့

သြဂုတ်လဆန်းမှ လလယ်ပိုင်းအထိလည်း တနင်္သာရီတိုင်းတွင် ပြီးခဲ့ သည့်နှစ်ကကဲ့သို့ပင် မိုးရွာရက် ၁၄ ရက် ရှိခဲ့သော်လည်း မိုးရေချိန်လက်မမှာ လျော့နည်းနေသည်ဟု ၎င်းက ဆိုသည်။ သို့သော် ယခုလကုန်မှစ၍ မိုးကြီးနိုင် သည်ဟုလည်း ခန့်မှန်းသည်။

“စက်တင်ဘာလဆန်းသွားလို့ရှိရင် လာနီညာရာသီဥတုဘက်ကို ဝင်သွား ပြီဆိုတဲ့အခါကျတော့ နောက်ပိုင်းတွေမှာ မိုးကြီးတွေရွာဖို့အနေအထားရှိတယ်” ဟု ဦးကျော်မိုးခိုင်က ဆိုသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်း တစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ရောက်ရှိနိုင်၍ အနောက်တောင်မုတ်သုန်လေသည်လည်း ကပ္ပလီ ပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် အားအသင့်တင့်မှ အားကောင်းနိုင်ကြောင်း ယင်းဌာနက ထုတ်ပြန်ထားသည်။

မိုးမြင့်