အမှားများသည့် မွန်မဲစာရင်း

0
494

မွန်ပြည်နယ်အတွင်း ပထမအကြိမ် ကြေညာကပ်ထားသည့် မဲစာရင်းများတွင် အချက်အလက် မှားယွင်းမှု များပြားနေသည်ဟု မဲဆဆန္ဒရှင်ပြည်သူများနှင့် ရပ်/ကျေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲတို့ထံမှ သိရသည်။

မဲစာရင်း အချက်အလက်မှားယွင်းမှုသည် မဲရုံတိုင်းတွင်ရှိနေပြီး အချို့မဲရုံများ တွင် ထက်ဝက် (၅၀ ရာခိုင်နှုန်း)ကျော်အထိ မှားယွင်းနေကြောင်း မဲစာရင်းစောင့်ကြည့်လေ့လာနေသူတို့က ပြောသည်။

ကွမ်းသမားနှင့် ကိုဗစ်

“ကျွန်မတို့ မဲရုံတွေကို လိုက်မေး ကြည့်တယ်။ ဘယ်နှဦးလာကြည့်ပြီး ပြီလဲ။ ဘယ်လောက်ပြင်ရလဲ။ တချို့နေရာဆိုရင် ငါးယောက်လာကြည့်တာ သုံးယောက်က ပြင်ရတယ်။ အဲလိုမျိုး ရှိတယ်” ဟု မဲစာရင်းကြည့်ရေး ကမ်ပိန်း လုပ်နေသည့် မခိုင်ခိုင်လဲ့မြင့်က ပြောသည်။

ပထမအကြိမ် မဲစာရင်းကို ဇူလိုင် လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက် ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးတို့တွင် ကပ်ထားပေးမည်ဟု ကနဦး ကြေညာထားသော်လည်း အမှားအယွင်းများကို ပိုမိုပြင်ဆင်နိုင်ရန်အတွက် သြဂုတ်လ ၁၄ ရက်နေ့ထိ ရက်ထပ်တိုးပေးထားသည်။

“မဲစာရင်း အမှားအယွင်း တအား များတယ်။ အခု တစ်ပတ်ထပ်တိုးတာကလည်း အမှားအယွင်း တအားများလို့” ဟု မော်လမြိုင် စစ်ကဲကုန်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အေးအေးသီက ပြောသည်။

မဲစာရင်းတွင် အမည်မှားခြင်း၊ မှတ်ပုံတင်မှားခြင်း၊ မွေးသက္ကရာဇ်မှားခြင်း အစရှိသည့် အချက်အလက် မှားယွင်းခြင်းအပြင် မိသားစုလိုက်၊ တစ်ယောက်ချင်းစီ မဲစာရင်းမပါလာသည်လည်း ရှိသလို သေဆုံးသူများလည်း မဲစာရင်းတွင် ပါရှိနေသည်လည်း ရှိနေသည်ဟု ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေက ပြောသည်။

၎င်းပြင် မဲစာရင်းတွင် အမည်ပါရှိ နေပြီး မှတ်ပုံတင်မပါနေသူများလည်း အများအပြားတွေ့ရှိနေသည်ဟု ရပ်/ ကျေးကော်မရှင်အဖွဲ့ခွဲတို့က ပြောသည်။

မဲစာရင်းစကြေညာသည့် ဇူလိုင် ၂၅ ရက်နေ့မှ သြဂုတ်လ ၆ ရက်နေ့ထိ တစ်ပြည်နယ်လုံးတွင် မဲစာရင်းကြည့်သူ တစ်သိန်းခုနစ်သောင်းကျော်ရှိနေပြီး ပုံစံ(၃) ဖြင့် လျှောက်သူ တစ်သောင်းကျော်၊ ပုံစံ (၄) ဖြင့် လျှောက်သူ သုံးထောင်ကျော်၊ ပုံစံ(၄-ဂ) ဖြင့်လျှောက်သူ သုံးထောင်ကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။

“အချက်အလက်မှားတဲ့ကိစ္စကို ရွေးကောက်ပွဲနေ့အထိ ပြင်ဆင်ခွင့်ရှိတယ်။ မဲထည့်ပိုင်ခွင့်လည်း ရှိတယ်။ ရွေးကောက်ပွဲနေ့မှာ ဘယ်လိုပြင်ဆင် မလဲဆိုရင် ပုံစံ(၁၂) ဆိုတာရှိတယ်။ မဲရုံမှူးက အကျဉ်းဖော်ပြမယ်။ ပြီးတာနဲ့ တစ်ခါတည်း ပြင်လို့ရမယ်။ အဲဒါ ရွေးကောက်ပွဲနေ့မှာ ဆောင်ရွက်လို့ရတယ်” ဟု ဦးဟိဏ်းလင်းထက်က ပြောသည်။

မဲဆန္ဒရှင်များ မဲစာရင်းတွင် မပါ သည့်ကိစ္စ၊ မဲစာရင်း အမှားများသည့်ကိစ္စနှင့် ပတ်သက်၍ မွန်ညီညွတ်ရေးပါတီက ရပ်/ကျေးအဆင့်တွင် အချိန်မီ ပြင်ဆင် လျှောက်ထားနိုင်ရန် စိစစ်ဆောင်ရွက် ပေးနေသည်ဟု ယင်းပါတီခေါင်းဆောင်တို့ထံမှ သိရသည်။

လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်မတော်နှင့်အတူ နေထိုင်သည့် မိသားစုဝင်များအပါအဝင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်းခွဲကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲထံမှ သိရသည်။