အခြေခံဆရာများသမဂ္ဂ အဖွဲ့ဝင် ဖိတ်ခေါ်

0
253

တနင်္သာရီတိုင်းဒေသကြီး အခြေခံ ဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီမှ သမဂ္ဂအဖွဲ့ဝင်လိုသူများကို ဖိတ်ခေါ် လျက်ရှိကြောင်း ယင်းကော်မတီ ထားဝယ်ခရိုင်တာဝန်ခံ ဦးဝေယံစိုးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီး အခြေခံဆရာများသမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို မြို့နယ်တာဝန်ခံ ၉ ဦးဖြင့် ဇွန်လ ၃ ရက်က မြိတ်မြို့တွင် ဖွဲ့စည်းခဲ့သည်။

သမဂ္ဂအဖွဲ့သို့ ဝင်လိုသူများက သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများထံ လျှောက်လွှာထုတ်ယူ လျှောက်ထားရမည်ဖြစ်ကြောင်း ဦးဝေယံစိုးက ပြောသည်။

“အခုက အခြေခံဆရာ သမဂ္ဂ ဖြစ်မြောက်ရေးကော်မတီကို ဖွဲ့ထားပြီးတော့ မြို့နယ်တာဝန်ခံတွေက ကိုယ့်မြို့နယ်မှာရှိတဲ့ ဆရာ၊ ဆရာမတွေကို အဖွဲ့ဝင်ဖြစ်အောင် စည်းရုံးဖို့ပါ။ အဖွဲ့ဝင်ချင်တဲ့ ပညာရေးဝန်ထမ်းတွေကို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်” ဟု ၎င်းက ပြောသည်။

ဖျားနာ၊ ချောင်းဆိုးတိုင်း ကိုဗစ်ဖြစ်သလား

လောင်းလုံးမြို့နယ်တွင် တာဝန်ကျ နေသည့် ဆရာတစ်ဦးကမူ တိုင်းအတွင်း ယင်းကဲ့သို့ အဖွဲ့အစည်းတစ်ခုရှိလာသည်ကို ကြိုဆိုသော်လည်း ထိုအဖွဲ့၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်ပြီးမှ အဖွဲ့ဝင်၊ မဝင်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း ပြောသည်။

“ဒီလို အဖွဲ့အစည်းမျိုးရှိတာကတော့ ကောင်းတာပေါ့နော်။ ဘယ်လိုပဲ ပြောပြောလေ။ အတိုက်ခံဆိုတာရှိမှ ဟိုဘက်ခြမ်းကလည်း အကောင်းဆုံး သူတို့လုပ်ပေးကြမှာလေ။ ဒါပေမယ့် သူတို့အဖွဲ့ထဲမှာပါတဲ့လူတွေ အခြေအနေတွေကြည့်ပြီးမှ ဝင်ဖြစ်ရင်လည်း ဝင်ဖြစ်မှာပေါ့” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ယင်းကော်မတီတွင် ထားဝယ်ပညာရေးကောလိပ်ဆင်း အဖွဲ့ဝင် ဆရာ၊ ဆရာမ ၃၀ ဦးရှိနေပြီဖြစ်ပြီး အ‌ခြေခံဆရာများသမဂ္ဂကို လာမည့်နိုဝင်ဘာလတွင် ဖွဲ့စည်းရန် လျာထားကြောင်း သိရသည်။

ကျော်သူစိုး