အား/ကာသိပ္ပံ ကျောင်းသားအချို့ ကျောင်းပြန်တက်ရမည်

0
1043

တနင်္သာရီတိုင်းမှ အားကစားသိပ္ပံ တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူအချို့ ဇူလိုင်လတွင် ကျောင်းပြန်တက်ရတော့မည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။

ကနဦးအနေဖြင့် ဆယ်တန်း ကျောင်းသားများမှလွဲပြီး မော်လမြိုင် အားကစားသိပ္ပံတွင် တက်ရောက်နေ သည့် ၂၇ ဦး ကျောင်းတက်သွားရတော့မည်ဖြစ်ကြောင်း အထက်ပါဌာန ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်က ပြောသည်။

ရန်ကုန်အားကစားသိပ္ပံကျောင်းတွင် တက်ရောက်ရမည့် ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးကိုမူ ခေါ်ယူခြင်းမရှိသေးကြောင်း ဦးစိုးမိုးနိုင်က ပြော သည်။

“အားကစားသိပ္ပံ ကျောင်းတွေကိုလည်း အခြေခံကျောင်းတွေနဲ့ အတူတူဖွင့်ဖို့ လုပ်နေတယ်” ဟု ゞင်းက ပြောသည်။

တနင်္သာရီတိုင်းမှ အားကစားသိပ္ပံတက်နေသည့် ကျောင်းသားများသည် ကိုဗစ်ကြောင့် နေရပ်သို့ ပြန်ရောက်နေ ကြသည်။

တိုင်းအတွင်း အားကစားလှုပ်ရှားမှုများကိုမူ ရပ်နားထားဆဲဖြစ်ကြောင်း ဦးစိုးမိုးနိုင်က ပြောသည်။

တနင်္သာရီတိုင်းတွင် ပြန်လည်ကျင်းပမည့် မြို့နယ်ပေါင်းစုံ အလွတ်တန်းအမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပခါနီးဆဲဆဲတွင် အားကစားလှုပ်ရှားမှုများ အားလုံးကို ရပ်နားလိုက်ခြင်း ဖြစ်သည်။

ကျော်သူစိုး