တနင်္သာရီတိုင်း အစိုးရကို စောင့်နေရသည်

0
609

လူငါးဦးဖြစ်စေ၊ လူငါးဦးထက် ပို၍ဖြစ်စေ စုဝေးခွင့်ပြုသော လုပ်ငန်း များကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက မေလ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်ပြီဖြစ်သည်။

ယင်းတွင် အစိုးရဌာန၊ အဖွဲ့အစည်း၊ စက်ရုံ အလုပ်ရုံများတွင် တာဝန်ထမ်း ဆောင်ခြင်း၊ အခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများ၊ ဘုန်းတော်ကြီး သင် စာသင်ကျောင်းများ၊ ဆွေးနွေးပွဲ၊ အစည်းအဝေး၊ သင်တန်းများလည်း ပါဝင်သည်။

ယင်းတို့ အနက် ပုဂ္ဂလိကကျောင်း များပြန်ဖွင့်ရေး၊ သင်တန်း၊ အစည်းအဝေး များ ကျင်းပခွင့်ပြုရေး တနင်္သာရီတိုင်း ဒေသကြီး အစိုးရ အဖွဲ့၏ တိကျသော ညွှန်ကြားချက် မကျသေးသဖြင့် အခက် တွေ့နေရကြောင်း တိုင်းအတွင်းရှိ ပုဂ္ဂလိက ကျောင်းအချို့ကို စုံစမ်းမေးမြန်းချက် အရသိရသည်။

နေပြည်တော် အခြေစိုက် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနက ပုဂ္ဂလိက ကျောင်းများဖွင့်ခွင့်ပြု လိုက်ကြောင်း အမိန့်ထွက်ရှိလာသော်လည်း အသေး စိတ်လိုက်နာရမည့် အချက်များကို တိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြား ချက် ထွက်မလာသေးဖြင့် သတင်းများကို စောင့်ကြည့်ကာ ခန့်မှန်း လုပ်ကိုင်နေရ ကြောင်း ထားဝယ်မြို့ အခြေစိုက် မဟာရွှေဂုဏ်ထူး ကိုယ်ပိုင်အထက်တန်း ကျောင်း တည်ထောင်သူ ဦးဇော်ညွန့်က ပြောကြားသည်။

“ကျောင်းတွေမှာ ပြင်ဆင်ထား ပြီးရင် ဘယ်မှာပြောရမလဲဆိုတာက ဒါကိုပဲ ကျွန်တော်တို့မှာကွင်းဆက်ပြတ် နေတာပေါ့”ဟု ၎င်းကဆိုသည်။

တိုင်းဒေသကြီး အစိုးရ အဖွဲ့အပါ အဝင် သက်ဆိုင်ရာ ဌာနများက မည်သည့် ညွှန်ကြားချက်၊ လမ်းညွှန်မှုမျှ ရောက်မ လာသေးသော်လည်း အခြားကျောင်းများ၊ ဘော်ဒါများ၏ အနေအထားကို လေ့လာ လုပ်ဆောင်နေရကြောင်း ထားဝယ်မြို့ အခြေစိုက် ဘော်ဒါလုပ်ငန်းရှင် အမျိုးသမီး တစ်ဦးက ဆိုသည်။

“ဘာညွှန်ကြားချက်မှ မရှိသေး ဘူးဆိုတော့ သူများတွေဖွင့်တာပဲ ဘယ် ဘော်ဒါက ဘယ်လိုဖွင့်မယ်ဆိုတာကိုပဲ နားစွင့်နေတယ်။ အဲဒီလိုပဲ တိတိကျကျ ဘယ်သူမှ မသိသေးဘူး။ အဲဒီလိုဆိုတော့ ဘယ်လိုလုပ်ရမှန်းလဲ မသိသေးဘူးဖြစ် နေတယ်”ဟု ၎င်းက ပြောသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်း အချို့ကမူ လတ်တလောတွင် သင်တန်း၊ အစည်းအဝေးများကို အွန်လိုင်းမှ လုပ်ဆောင်နေပြီး စိတ်ချရသည့် အနေ အထား မရှိသေးသဖြင့် မြေပြင်တွင် သင်တန်းများ လုပ်ဆောင်ရန် မရှိသေး ကြောင်း စုံစမ်းသိရှိရသည်။

အစည်းအဝေး၊ သင်တန်း ကဲ့သို့ သော ငါးဦးထက်ပိုသော လူစု လူဝေး ကိစ္စရပ်များအတွက် တိုင်းဒေသကြီး အစိုးရ အနေနှင့် ညွှန်ကြားထားခြင်း မရှိသေးကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ဝန်ကြီး ဦးကျော်မင်းက မေလ ၃၀ ရက်နေ့ ညနေပိုင်းတွင် ပြောကြားသည်။

ထိုသို့ ညွှန်ကြားချက်မရှိသေး သော်လည်း အစည်းအဝေးများ၊ သင်တန်း များကို ကျန်းမာရေးဌာန၏ ညွှန်ကြား ချက်နှင့် အညီသော်လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို အသိပေး လုပ်ကိုင်ရန် အကြံပြုကြောင်း ဦးကျော်မင်း က ဆိုသည်။

“လောလောဆယ်အနေအထား အရ ကိုဗစ်နဲ့ ပတ်သက်ပြီး သီးခြားအနေ နဲ့ ဘာမှမရှိသေးဘူး”ဟု မေလ ၂၈ ရက် နေ့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ အမိန့်နှင့် ပတ်သက်၍ ဝန်ကြီး က ပြောဆိုသည်။

ကိုဗစ်ကပ်ဘေး ကာလအတွင်း နေပြည်တော် ဗဟိုကော်မတီနှင့် သက်ဆိုင် ရာ ပြည်ထောင်စု ဝန်ကြီးဌာနတို့က ညွှန်ကြားချက်များကို တိုင်းအစိုးရ အဖွဲ့က ထပ်ဆင့် အသေးစိတ် ညွှန်ကြား ရန် လိုအပ်ချက်များ၊ မြေပြင်တွင် အကောင်အထည်ဖော် စီမံရန် လိုအပ်ချက်များ ကြန့်ကြာလေ့ရှိသဖြင့် ဝေဖန်မှုများ ရှိနေသည်။

အကယ်၍ သက်ဆိုင်ရာ အစိုးရနှင့် ဌာနအဖွဲ့အစည်းများက မူဝါဒတစ်ရပ်ကို တိကျမြန်ဆန်စွာ ချပေးလိုက်ပါက မှန်းဆ လုပ်ကိုင်နေစရာမလိုဘဲ ပိုမိုလွယ်ကူ သွားမည်ဖြစ်ကြောင်း ပုဂ္ဂလိကကျောင်း အချို့မှ တာဝန်ရှိသူ များက ဆိုကြသည်။

“တကယ်လို့ဖြစ်လာမယ်ဆိုရင် အားလုံးနဲ့ သက်ဆိုင်တာပဲလေ။ တိတိကျကျလမ်းညွှန်ချက် တစ်ခုပေးလိုက် မယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေမယ် ဆိုထင်တယ်”ဟု မဟာရွှေဂုဏ်ထူး ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးဇော်ညွန့်က ဆိုသည်။

စားသောက်ဆိုင်များ

ယင်းအပြင် ရန်ကုန်တွင် စားသောက် ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များကို မေလလယ်ကတည်းက ဖွင့်ခွင့်ပြုလိုက် သော်လည်း ထားဝယ်ဒေသရှိ လက်ဖက် ရည်ဆိုင်၊ ထမင်းဆိုင် အချို့မှာ တိကျ သော လမ်းညွှန်ချက်များ စောင့်နေရပြီး အနည်းဆုံး ရက်သတ္တပတ် တစ်ပတ်ခန့် နောက်ကျနေရကြောင်း ဆိုင်ရှင် အချို့ ထံမှ သိရသည်။

“ရန်ကုန်ဘက်မှာဖွင့်လို့ရနေရင် ထားဝယ်မှာလည်းဖွင့်ခိုင်းစေချင်ပြီ။ အခုက ဟိုမှာကရပြီး ဒီမှာက အခုချိန် အထိ မရဘူးဖြစ်နေတာက အဆင်မပြေ ဘူး။ ဒီလိုကွဲပြားမှုလေးတွေအပေါ်မှာ တော့ စိတ်ထဲမှာတစ်မျိုးဖြစ်မိတယ်။ စာရွက်တစ်ချပ်ကျလာတာမပြီးသေးဘူး။ နောက်တစ်ချပ်ထွက်လာနေတယ်”ဟု ထားဝယ်မြို့မှ ရှုနီ ထမင်းဆိုင်ပိုင်ရှင် ဦးထွန်းကြည်က ပြောကြားသည်။

မေလ ၈ ရက်စွဲဖြင့် ပြည်ထောင်စု အစိုးရအဖွဲ့ ထုတ်ထားသော စာတစ် စောင်မှာ သူ၏ထမင်းဆိုင်သို့ မေလ ၂၈ ရက်နေ့မှ ရောက်လာကြောင်း ဦးထွန်းကြည်က ဆိုသည်။

လက်ဖက်ရည်ဆိုင်ဖွင့်ရန် လမ်း ညွှန်စည်းကမ်းချက်များ မြို့နယ် စည်ပင်သာယာရေးအဖွဲ့က လာပို့ပြီး ဖြစ်ပြီး ဖွင့်ခွင့်ပေးမှသာ ဆိုင်ဖွင့်သွားမည်ဖြစ်ကြောင်း ထားဝယ်မြို့ရှိ သိန်းသန်းစံ လက်ဖက်ရည်ဆိုင်မှ ဦးသန်းဇော်က ဆိုသည်။

“(တိုင်းအစိုးရဘက်က) ကြန့်ကြာ မှုတွေရှိတာကတော့ ရေရှည်မှာဆိုရင်တော့ ထိခိုက်မူတွေရှိမှာပေါ့။ ရေရှည်မှာ ဆို ကိုယ့်မှာက လုပ်အားခပေးရမှာတွေရှိ တယ်လေ”ဟု ၎င်းက ဆိုသည်။

Dawei Watch