လူမှုဖူလုံရေးခံစားခွင့် လျှောက်ထားနိုင်သူများ

0
372

ကိုရိုနာဂယက်ကြောင့် စက်ရုံ၊ အလုပ်ရုံများ ပိတ်လိုက်ရသော လုပ်ငန်း များတွင် လုပ်ကိုင်နေပြီး လူမှုဖူလုံရေး ထည့်ဝင်ငွေ သွင်းထားသူများအား အဆိုပါဌာနတွင် စာရင်းသွင်းထားသည့် လစာငွေ၏ ၄၀ ရာခိုင်နှုန်းကို ပြန်လည် ပေးဆောင်သွားမည် ဖြစ်ကြောင်း တနင်္သာရီတိုင်း လူမှုဖူလုံရေးရုံးထံမှ သိရသည်။

ယင်းလူမှုဖူလုံရေးအစီအစဉ်တွင် အကြောင်းတစ်ခုခုကြောင့် ရက်ပိုင်း၊ လပိုင်းမျှသာ ခေတ္တ အလုပ်ရပ်နားထား ခံရသူများ ပါဝင်မည် မဟုတ်ကြောင်း အထက်ပါရုံး တိုင်းဦးစီးမှူး ဦးစန်းလွင် က ပြောသည်။

လူမှုဖူလုံရေးငွေသွင်းထားသူလည်းဖြစ် စက်ရုံအလုပ်ရုံ ပိတ်သိမ်းလိုက်ခြင်း လည်းမှန်ကန်ပါက ရက်ပိုင်းဖြစ်စေ၊ လပိုင်းဖြစ်စေ အလုပ်ရပ်နားခံရသူ မည်သူ မဆို အဆိုပါ လူမှုဖူလုံရေး ခံစားခွင့်ကို ရရှိမည်ဖြစ်ကြောင်း ဦးစန်းလွင်က ပြောသည်။

လူမှုဖူလုံရေးငွေကို လုပ်ငန်းရှင် ကိုယ်တိုင်သော်လည်းကောင်း၊ မိမိသဘောဆန္ဒအလျောက် သော်လည်းကောင်း သတ်မှတ်နှုန်းအတိုင်း လစဉ်ထည့်ဝင် နိုင်သည်။

ယခုထုတ်ပေးမည့် လူမှုဖူလုံရေး အကျိုးခံစားခွင့်ကို အလုပ်ရပ်နားခံရ သည့် အလုပ်သမားက လျှောက်ခွင့်မရှိဘဲ စက်ရုံ၊ အလုပ်ရုံပိုင်ရှင်က တစ်ဆင့် ဧပြီလ နောက်ဆုံးအပတ်မှစပြီး လျှောက်ထား ရမည်ဖြစ်ကြောင်း ဦးစန်းလွင်က ပြောသည်။

လျှောက်ထားသည့်ငွေများ မည်သည့် အချိန်တွင်ပေးမည် စသည့် အသေးစိတ် အချက်အလက်များကိုမူ ဝန်ကြီးဌာနက ထပ်မံညွှန်ကြားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်း လူမှုဖူလုံရေး ရုံးထံမှ သိရသည်။

ကျော်သူစိုး