“အ” အပင် ကျေးဇူးရှင်

0
591

ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကပ် အသွင် ကြုံကြရတော့ ကိုယ်ကျွမ်းကျင်ရာ၊ စိတ်တိမ်းညွှတ်ရာအလိုက် ဆွေးနွေးတာ၊ မေးခွန်းထုတ်တာတွေ များစွာ ရှိလာခဲ့တယ်။

စိတ်ဝင်စားဖို့လည်း အတော် ကောင်းပါတယ်။ သူ့အထွာနဲ့ သူပေါ့ လေ။ ကိုယ်ရောက်နေတဲ့ နေရာ၊ ကိုယ် ကျင်လည်ရာ ဝန်းကျင်၊ ကိုယ်တတ် ကျွမ်းပိုင်နိုင်ရာအလိုက်ပေါ့။

တချို့က ဒီကပ်ကြီးကို ဘယ်လို တုံ့ပြန်ကြမယ်၊ ဘယ်လို တုံ့ပြန်သင့် တယ်ဆိုတာမျိုးကို ဆွေးနွေးကြတယ်။ ဒီလို ကပ်ရောဂါ ဘာကြောင့် ဖြစ်လာ ရတယ်ဆိုတာကို ချဉ်းကပ်ပြတာမျိုး ရှိသလို ဒီကပ်ကြီးနဲ့ လက်ရှိကမ္ဘာကြီးရဲ့ အခင်းအကျင်း၊ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်တွေအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် ချိန်ထိုးဆွေးနွေးတာတွေလည်း အများ ကြီးပါပဲ။

ဖတ်မှတ်မိသလောက်ထဲမှာ လေးလေး နက်နက် အတွေးရစေတာက ဒေါက်တာ မြင့်ဇော်ရဲ့ ကိုဗစ်နောက်ကြောင်းပြန်၊ ဂေဟဗေဒနှင့် လူမှုစီးပွားအမြင်မှ လေ့လာ ခြင်းဆိုတဲ့ စာအုပ်ပါ။
အဲဒီစာအုပ်ထဲက “ကျုပ်တို့ ဖန်တီး တဲ့ ကပ်ရောဂါ”ဆိုတဲ့ ဆောင်းပါးထဲက စာပိုဒ်တစ်ပိုဒ်က ကျွန်တော်ကို တော်တော် အတွေးပွားစေခဲ့ပါတယ်။

သူဆိုထားတာက
“ဂေဟစနစ်ကို ကျုပ်တို့ ဖျက်ဆီး ကြတဲ့အခါ၊ စီမံကိန်း အမျိုးမျိုးတွေ လုပ်ကြတဲ့အခါ သစ်တောတွေ ပျောက် လာတယ်။ သစ်တောတွေထဲမှာ သတ္တု တွင်းစခန်းတွေ၊ သစ်ထုတ်လုပ်ရေး စခန်း တွေ ရောက်လာတယ်။ တောရိုင်း သတ္တဝါ တွေကို သတ်ဖြတ် ရောင်းဝယ်စားသောက် ကြတယ်။ အရင်က မနီးစပ်တဲ့ လူနဲ့ သတ္တဝါတွေ၊ ခိုလုံရာပျောက်လာလို့ သတ္တဝါအချင်းချင်း ထိတွေ့နီးကပ်မှုတွေ ပိုဖြစ်လာကြတယ်။ ဂေဟစနစ်ကို ဖျက်ဆီး တဲ့အခါ သစ်ပင်ကို ကိုင်လှုပ်လိုက်လို့ သတ္တဝါတွေ လွင့်ကျလာသလို ဗိုင်းရပ်စ် တွေကို အိမ်ရှင် အဟောင်းဆီကနေ လွင့်စင်လာပြီး အိမ်ရှင်အသစ်တွေဆီကို ရောက်လာစေတယ်။ အိမ်ရှင်အသစ်က လူသားဖြစ်နေတဲ့အခါ ကျုပ်တို့ ဒုက္ခရောက် ကြတာပေါ့။”တဲ့ ။

ဒေါက်တာမြင့်ဇော်ရဲ့ ရေးသားချက်ထဲက သစ်ပင်တွေနဲ့ ပတ်သက်ပြီး စဉ်းစား မိတာက လူတွေရဲ့ နားလည် လက်ခံမှု ကိစ္စပါ။

လူတွေက အပင်တွေကို အပင် ဆိုတာထက် ပိုမြင်လာအောင် ကျွန်တော် တို့ ဘယ်လို လုပ်ကြမလဲဆိုတာတွေး ကြည့်တော့ လူတွေရဲ့ အာရုံစိုက်မှုကို သတိထားမိပါတယ်။

အခါတော်တော်များများမှာ ကျွန်တော် တို့ဟာ ပြင်ပက အရာတွေကိုပဲ အာရုံ စိုက်နေကြပြီး ကိုယ့်ရဲ့အတွင်းအဇ္စျတကို မေ့နေတတ်ကြတယ် မဟုတ်လား။

လူ့ဖြစ်တည်မှုရဲ့ အတွင်းပိုင်းလို့ ပြောရင် လူတစ်ဦးချင်းစီ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာဖို့၊ ကိုယ့်ဖြစ်တည်မှုကို ကိုယ်တန်ဖိုးထား လေးစားဖို့၊ ကိုယ်နဲ့ ထိစပ်ဆက်နွှယ်နေတဲ့ အရာတွေအပေါ်မှာ တန်ဖိုးထားလေးစားဖို့၊ ကျေးဇူးတရားကို သိမြင်ခံစားတတ်ဖို့ စတာတွေကို ဆိုလို တာပါ။ နောက်တစ်ခုက ကိုယ့်ကိုကိုယ် နားလည်ဖို့၊ ဘ၀မှာ ရင်ဆိုင်ရတဲ့ စိန်ခေါ် မှုတွေကို တည်တည်ငြိမ်ငြိမ်၊ အေးအေး ဆေးဆေး၊ သဘောထား ရင့်ကျက်မှု ရှိရှိ ကျော်ဖြတ်တတ်ဖို့၊ စိတ်ကို ငြိမ်းအေးစွာ ထားတတ်ဖို့ဆိုတာမျိုးတွေပေါ့။

ကိုယ့်ဘ၀ကိုယ် စီမံတဲ့အခါမှာ၊ ကိုယ့်မိသားစုဘ၀ကို တည်ဆောက်တဲ့ အခါမှာ၊ ကိုယ့်လုပ်ငန်းခွင့်ကို ပုံဖော်တဲ့ အခါမှာ အပြင်ကို အာရုံစိုက်သူတွေဟာ အဲလို လူဖြစ်တည်မှုရဲ့ စိတ်ဝိညာဉ်ဆိုင်ရာ အခြေခံတွေကို ထည့်သွင်းစဉ်းစားတာမျိုး၊ အကောင်အထည်ဖော်တာမျိုး အင်မတန် နည်းပါလိမ့်မယ်။

ဥပမာ – ခုနက ပြောတဲ့ အပင်တွေ ကိစ္စဆိုပါတော့။

အပင်တွေကို အပင်လို့ပဲ မြင်သူနဲ့ စိတ်ဝိညာဉ်ဆိုင်ရာကို အလေးထားပြီး အပင်တွေကို ကျေးဇူးရှင်လို့ မြင်သူရဲ့ ဆုံးဖြတ်ချက် မတူနိုင်ပါဘူး။

အပင်တွေကို ကျေးဇူးရှင်လို့ မြင် တယ်ဆိုတာက အပင်တွေဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်ဆို စုပ်ယူပြီး အောက်ဆီဂျင် ကို ပြန်ထုတ်ပေးတယ်။ လူတွေ အသက် ရှင်ဖို့အတွက် အောက်ဆီဂျင်ဟာ မရှိမဖြစ် လိုအပ်တယ် ဆိုတာမျိုးထက် ပိုတဲ့ နားလည်လက်ခံမှုမျိုးပါ။

အပင်လေးတွေ ရဲ့ ကျွန်တော်တို့ရဲ့ အသက်ရှင်မှုအတွက် အရေးပါတဲ့အတွက် သူတို့ရဲ့ ကျေးဇူး တရားကို နားလည် အသိအမှတ်ပြုတာ မျိုးပါ။

အဲလိုသာ နားလည်လက်ခံအောင် လုပ်မယ်ဆိုရင် အခုအားလုံးရဲ့ ပါးစပ်ဖျား မှာ ရေပန်းစားနေတဲ့ သဘာ၀ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးဆိုတာကို တကူးတက ကြီးတောင် လုပ်စရာမလိုလောက်ဘူး။

အပင်တွေကို ကျေးဇူးရှင်လို နားလည် လက်ခံတာမျိုး မဟုတ်တော့ အောက်ဆီဂျင် လိုရင် ဝယ်ရှူမယ်၊ အရိပ်လို ထီးမိုးမယ်ဆို တဲ့ အတွေးမျိုးနဲ့ပဲ ဆုံးဖြတ်ချက်တွေကို ချမှာ အသေအချာပါပဲ။ သူ့စိတ်ထဲမှာ အပင်ဆိုတာ ကိုယ်ခုတ်ထစ်အသုံးပြုလို့ရ တဲ့ အရာတစ်ခုထက် ပိုမှာ မဟုတ်ပါဘူး။

ဆိုတော့ မေးစရာရှိတာက ကျွန်တော် တို့ မိသားစု၊ ကျွန်တော်တို့ကျောင်းတွေ၊ ဘာသာရေးကျောင်းတော်တွေက လူတွေ စိတ်ထဲ အပင်တွေကို ကိုယ့်ရဲ့ကျေးဇူးရှင် အဖြစ် ခံစားလက်ခံလာအောင် လုပ်လို့ မရနိုင်ဘူးလား။

တကယ်လို့ ယုံယုံကြည်ကြည်လုပ် မယ်ဆိုရင်တော့ တော်တော် အကျိုးရှိနိုင် ပါတယ်။ ဘာလို့ဆို လူတစ်ယောက်ရဲ့ ဘ၀ကို မိသားစုက နှစ်ပေါင်း ၂၀ ကျော် (ငယ်စဉ်မှသည် အိမ်ထောင်မကျခင် အချိန် အထိ)၊ စာသင်ကျောင်းတွေက နှစ်ပေါင်း ၂၀ ဝန်းကျင် (ကျောင်းစနေကတည်းကနေ ကျောင်းပြီးချိန်အထိ)၊ ဘာသာရေး ကျောင်းတော်တွေက တစ်သက်လုံး လွှမ်း မိုးထားတယ်လို့ အကြမ်းဖျင်းတွက်လို့ ရတယ်မဟုတ်လား။

ဒေါက်တာမြင့်ဇော်ရဲ့ ဆောင်းပါးထဲ မှ နောက်တစ်ချက်တွေ့တာက ကပ်ဘေး နဲ့ တောရိုင်းတိရိစ္ဆာန် (တောကောင်သား)စားသုံးမှု ဓလေ့အဆက်အစပ်ပါ။

ဒီဟာနဲ့ ပတ်သက်ပြီးလည်း စဉ်းစား မိတာက အစားအစာကို စားသုံးခြင်းရဲ့ တကယ့်ရည်ရွယ်ချက်ကိုလည်း ကျွန်တော် တို့ မိသားစု၊ ကျွန်တော်တို့ကျောင်းတွေ၊ ဘာသာရေးကျောင်းတော်တွေက လူတွေ လက်ခံလာအောင် ပြောဆိုလို့ မရနိုင်ဘူးလား။

အစာစားတာက ကိုယ့်ရဲ့ ခန္ဓာ ကျန်းမာတည်တံ့ဖို့အတွက် စားတာဖြစ်တဲ့ အတွက် ကိုယ့်ရဲ့ အစားအသောက်ကြောင့် အခြားသတ္တဝါတွေရဲ့ နာကျင်ခံစားရမှု၊ အသက်အိုးအိမ် စည်းစိမ် ပျက်စီးရမှု နည်းပါစေဆိုတာမျိုးကို အလေးအနက် လက်ခံလာအောင် လုပ်ကြရင် အတော် ကောင်းမှာပဲလို့ တွေးမိတယ်။

တကယ်လို့သာ အဲလိုလုပ်နိုင်မယ် ဆိုရင် တစ်ယောက်လက်ခံ တစ်ယောက် တိရစ္ဆာန်လေးတွေ(တောကောင်တွေ)ကို ထူးထူးဆန်းဆန်း အစားအသောက် လုပ် စားတာ လျော့လာမှာ ဖြစ်ပါတယ်။

အကောင်းဆုံးကတော့ ကိုယ်က စဖို့ပါ။

အခြားကြီးကြီးကျယ်ကျယ်တွေ မလုပ်နိုင်ရင်တောင်မှ တစ်ဦးချင်းစီအနေ နဲ့ အပင်နဲ့ ပတ်သက်ပြီးဖြစ်စေ၊ အစား အစာစားသုံးတာနဲ့ ပတ်သက်ပြီး ဖြစ်စေ အထက်မှာ ဖော်ပြသလို လက်ခံ ကျင့်သုံး ကြမယ်ဆိုရင် အခုလိုကပ်ဘေးမျိုး မဖြစ်ဖို့ အတွက် တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။

သည်မွန်