ကိုဗစ်ကပ်ဘေးအကြား တိုင်းလွှတ်တော် မေ ၁၈ တွင် ပြန်စမည်

0
435

တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းအဝေးတစ်ရပ်ကို မေလ ၁၈ ရက်နေ့တွင် ကျင်းပရန်ရှိကြောင်း တိုင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

အစည်းအဝေးတွင်တနင်္သာရီတိုင်း ဒေသကြီးအသေးစားနှင့်လက်လုပ်လက်စား သတ္တုတွင်းဥပဒေသစ်နှင့် တနင်္သာရီတိုင်း ဒေသကြီးအိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ဥပဒေသစ်တို့ကို ဆွေးနွေးအတည်ပြုရန်ရှိကြောင်းဦးခင်မောင်အေးက ပြောသည်။

လက်ရှိဖြစ်ပွားနေသည့်ကိုရိုနာဗိုင်းရပ်စ်အရေးကြောင့်အစည်းအဝေးခန်းမ အတွင်းခုံများကို ၆ ပေစီခွာနေရာချထားကာ ကျင်းပမည်ဟု ၎င်းက ပြောသည်။

“မီဒီယာတစ်ယောက် နှစ်ယောက်ပဲ ဖိတ်မယ်။ ဧည့်သည်တော်တွေ၊ လေ့လာ သူတွေ မဖိတ်တော့ဘူး”ဟု ဦးခင်မောင်အေးက ပြောသည်။

ယခုအစည်းအဝေးမှာ ဒုတိယ အကြိမ်တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်၏၁၆ ကြိမ်မြောက် ပုံမှန်အစည်း အဝေးဖြစ်ပြီး ၁၅ ကြိမ်မြောက်လွှတ်တော်ပုံ မှန်အစည်းအဝေးကို၂၀၂၀ ခုနှစ်ဇန်နဝါရီ လကုန်ကကျင်းပခဲ့သည်။

လွှတ်တော် အစည်းအဝေးကိုဧပြီ ၁ တွင်ကျင်းပရန် ကြေညာခဲ့ဖူးပြီး ကိုဗစ် ဂယက်ကြောင့် ရက်အကန့်အသတ်မဲ့ ရွှေ့ဆိုင်းလိုက်ပြီးနောက် မေလအတွင်း ကျင်းပရန် ဖြစ်လာခြင်း ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်များကိုလည်း မေ ၁၈ တွင် ပြန်စမည်ဖြစ်သည်။

Dawei Watch